မလေးအလုပ်ရှင်ကို အမှုနိုင်ပြီး ပြန်သွားတဲ့မြန်မာအလုပ်သမား ၆ ယောက်
ကွာလာလမ်ပူမြို့နဲ့ ၁၂ မိုင်လောက် အလှမ်းဝေးတဲ့ ပူချုန်း Tesco အနီး ဆောင်ပောာင်လီ ထွင်ခုံစက်ရုံမှာ မြန်မာအလုပ်သမား ၆ ဦးတို့ရဲ့ ဥပဒေဘောင်မ၀င်တဲ့ ဖြတ်တောက်ငွေကြေးတွေကို ပြန်လည်ရယူလိုသောကြောင့် အလုပ်ရှင်သူဌေးနှင့် အချေအတင်ပြောဆိုနေရာက အလုပ်ပိုင်ရှင်ဘက်မှ သူရဲ့စက်ရုံမှာမနေဖို့
စက်ရုံကနေ မောင်းထုတ်ခံထားရပြီနောက် မြန်မာအလုပ်သမား ၆ ယောက်ကလည်း သူတို့ရဲ့ လစာထဲက ဖြတ်တောက်ခံထားရတဲ့ နစ်ကြေးတွေ ပြန်ရယူလိုသောကြောင့် တဘက်နှင့် တဘက် အပြန်အလှန် ငြင်းဆိုနေမှုကြောင့် မြန်မာအလုပ်သမားတွေရဲ့ပြဿနာတွေက တဖြေးဖြေးကြီး ထွာလာခဲ့သောကြောင့် မလေးရှား အတိုက်ခံပါတီတွေကပါ အလုပ်ရှင်သူဌေးတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အတွက်လည်း အတိုက်ခံပါတီများမှ အလုပ်သမားဝန်ကြီးဌာနကို ဖိအားပေးတောင်ဆိုခဲ့သည် အလုပ်သမား တရာရုံးကလည်း အဆင့်ဆင့် လုပ်ဆောင်ပေးဖို့အတွက် မလေးရှား အလုပ်သမားဗဟိုတရာရုံးကို လွဲပြောင်းပေးအပ်ခဲ့သည်။
အမှုအခင်းကာလ ၆ လအထိ စောင့်ဆိုင်းရပြီးနောက် အလုပ်ရှင် သူဌေးဘက်မှ မည့်သည်အထောက် အထားမပြသနိုင်တဲ့ အတွက် အလုပ်ရှင် ဘက်နေပြီတော့ ကျေအေးဖို့ တောင်းဆိုလာခဲ့သည်။ ထိုဖြတ် တောက်ခံရထားတဲ့ မြန်မာ အလုပ်သမားဆီက လုပ်အားခ အပြင် မြန်မာပြည်ကို ပြန်ပို့အတွက် လေယာဉ်လက်မှတ် အပါအ၀င် လျော်ကြေးငွေ မလေးရှားရင်းဂစ် ၃၄၆၀၀ သောင်း လေထောင်ခြောက်ရာကျော် ရရှိပြီး စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာအလုပ်သမား ၆ ယောက် ကိုအေးငြိမ်းအာင်၊ ကိုအောင်အောင်၊ ကိုသိန်းဇော်၊ ကိုထိန်ဝင်၊ ကိုအောင်နိုင်ထွန်း၊ ကိုသီဟစိုးအောင် တို့ အသီးသီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။
မြန်မာအလုပ်သမား ၆ ယောက်ရဲ့ ဘက်ကနေပြီတော့ လိုက်လံကူညီဆောင်ရွက်ပေးတဲ့ မလေးရှား အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (MTUC)နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီ စောင့်ရှောက်စင်တာ(MMRC)အဖွဲ့မှ ကိုလတ်နှင့် ကိုရန်နိုင်ထွန်းတို့ကို မြန်မာအလုပ်သမား ၆ ယောက်ကနေပြီ ကျနော်တို့ကို အခုလိုကူညီပေးတဲ့လူတွေအားလုံးကို ကျေဇူးအများတင်ပါကြောင်း။
သို့သော်လည် ကျနော်တို့ မြန်မာသံရုံးအကြောင်းကို ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး။ သူတို့တွေ အားလုံးက အလုပ်သမားပြဿနာ နာမလည်တာလာ ပိုက်ဆံမရလို့ မလုပ်ပေးတာလာဆိုတာ ကျနော်တို့ သံရုံးက ကိုယ့် နိုင်ငံသားအတွက် ဘာတခုမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။ အလုပ်ရှင်နှင့် ကျနော်တို့ကြားမှာ ဘယ်လောက်အထိ အခက်အခဲဖြစ်တယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင် လက်တွေ့ ရင်ဆိုင်ခဲ့ရတယ်။ သံရုံးရဲ့အကူအညီ ဘာတခုမှ မရခဲ့ပါဘူး။
ကျနော် ပြောချင်တာကတော့ ကျနော်တို့ရဲ့ မြန်မာအလုပ်သမားတွေရဲ့အလုပ်သမားပြဿနာ ကျနော်တို့ကိုယ်တိုင် ဖြေရှင်းခဲ့ရတယ် သူတို့က နိုင်ငံတော်ကနေ ခန့်အပ်တာဝန်ပေးထားတဲ့ သံရုံးလေ ဘာမှမလုပ်ရင် နိုင်ငံတော်ရဲ့ ပိုက်ဆံကို ထိုင်ပြီ ဖြုန်းသလိုဖြစ်နေတယ်။
ကျနော်တို့က ထိုက်သင့်တဲ့နိုင်ငံတော် အခွန်တော်ငွေကို အခွန်ဆောင်ပြီသား သူတို့ဘက်က တာဝန်ကျေဖို့ လိုအပ်သည်ဟု မြန်မာ အလုပ်သမား ၆ ယောက်ကနေပြီ သူရိယဂျာနယ်သို့ ပြောဆိုသွားခဲ့သည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)ကို ဆက်သွယ် လိုပါက
၀၁၆ ၃၂၁၀ ၉၆၆ - ၀၁၂ ၆၈၈ ၄၃၇၇
Source by : Thuri YA
https://www.facebook.com/thuriyanewsjournal
0 comments:
Post a Comment