Home » , » OPS 6P အော်ပရေးရှင်း ဖမ်းဆီးမှုအကြောင်း ဆောင်းပါး

OPS 6P အော်ပရေးရှင်း ဖမ်းဆီးမှုအကြောင်း ဆောင်းပါး

Written By မောင်စေတနာ on Tuesday, September 3, 2013 | 12:02:00 AM



(မလေးရှားရောက် မြန်မာများ အားလုံး အတွက် )

ယနေ့ ဖမ်းဆီးသော အထူးစီမံချက်အား မလေးရှားအစိုးရမှ OPS 6P ဟုနာမည်ပေးထားသည် ။ မလေးရှားရောက် မြန်မာများ Facebook တွင် မေးသောမေးခွန်းများစွာအတွက် အောက်ပါ အချက်လက်များဖြင့် ရှင်းလင်း စေရန် ရေးသားဖြင်းဖြစ်သည် ။ 

1. ယခုဖမ်းဆီးမိသော တရားမဝင်နေထိုင်သူများအားလုံးကို ချက်ချင်း သက်ဆိုင်ရာတိုင်းပြည်များသို့ ပို့မည်ဟုသာကြော်ငြာထားသည် ။ ထောင်ဒဏ် ၊ ကြိမ်ဒဏ် ၊ ပစ်ဒဏ်များ ပါဝင်ကြောင်း မကြော်ငြာထားပါ ။ 

1. သို့သော် ဖမ်းဆီးမိသော တရားမဝင်အလုပ်သမားများ အား အလုပ်ခန့်ထားသည့် အလုပ်ရှင် များကိုမူ 2007 ခုနှစ် Section 5 အရထောင်ဒဏ် 5 နှစ် ၊ ဒဏ်ငွေ 50000 ၊ ကြိမ်ဒဏ် 6 ချက် အထိ အမြင့်ဆုံး ကျခံရမည့်ကြောင်းကို တရားဝင်ကြော်ငြာထားသည် ။ 

 3. ပါမစ်အမှန်ရှိပြီးသား အလုပ်သမားများထဲမှ ယနေ့အဖမ်းခံရသူများတွင် ၊ သူဌေး ၊ အေးဂျင်းမှ လာရောက် မထုတ်ပေးခဲ့ပါက ပြန်လည်လွတ်မြောက်ရန် ခဲယဉ်းသည် ။ ယနေ့အထိ သူဌေး ၊ အေးဂျင်းတို့မှ လာရောက် မဖြေရှင်း၍ ပြန်မထွက်နိုင်သူ များ ယနေ့တိုင်ရှိနေသေးသည် ။ 

 4. ပြီးခဲ့သော စီမံချက် 6P တွင် လက်ဗွေ နှိပ်ထားပြီး ပါမစ်လာရောက်မဆောင်ရွက်သော အလုပ်ရှင် 4230 အား ရှာဖွေအရေးယူမည်ဟုဖော်ပြထားသည် ။ ထိုအလုပ်ရှင်များအား ရှောင်ရန် အရေးကြီးသည် ။ 

 5. ဖရီးကောလင်း အဖြစ်ကိုင်ဆောင် ထားသော မြန်မာနိုင်ငံသားများ အထူး သတိပြုရန်လိုအပ်သည် ။ ထို့အတွက် ယခု OPS 6P သည် ခန့်အပ်သော နေရာတွင်ရှိမရှိ စစ်ဆေးခြင်း ပါပါဝင်သည် ။ သူဌေး ၊ အေးဂျင်းများထံတွင် လိုအပ်သော အထောက်အထား အားလုံး တောင်းထားရန် အလွန်း အရေးကြီးသည် ။
 6. UN ကဒ်ကိုင်ထားသူ ၊ မကိုင်ထားသူများအားလုံး မိမိတို့သက်ဆိုင်ရာ ရုံးများတွင် တိုက်ရိုက်စုံစမ်းရန် အကြံပြုသည် ။ ယခု OPS 6P တွင် REFUGEE များအတွက်ကြော်ငြာချက်တစ်စုံတစ်ရာမှ ပါဝင်ခြင်းမရှိသည့်အတွက် ကျွန်တော်တို့ သေချာစွာမသိရပါ ။ 

7. မြန်မာပြည်သို့မည်သည့်အစီအစဉ်ဖြင့်ပြန်ပို့မည်ဆိုသည့်အတွက် မလေးရှားအစိုးရမှ သက်ဆိုင်ရာ အစိုးရများ ၊ သံရုံးများဖြင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ဖော်ပြထားသည် ။ ထို့အတွက် မြန်မာသံရုံးမှ ကန်ထရိုက်ပေးထားသော အေးဂျင်းများ မှ Camp ထဲမှ မြန်မာပြည်ပြန်ရန် ဆောင်ရွက်ပေးလျှင် မလေးရင်းဂစ် 650 မှ 700 ကြားကုန်နိုင်သည် ။ 

အင်မီဂရေးရှင်းသို့ မိမိတို့စိတ်ချယုံကြည်ရသော သူငယ်ချင်းမှ လာရောက် ကူညီ လေယာဉ် လက်မှတ်ပေးပါကလည်း ကန့်ထဲမှ မြန်မာပြည်သို့ ပြန်နိုင်သည် ။ လယာဉ်လက်မှတ်ခသာ ကုန်ကျမည်ဆိုပါက 300 ဝန်းကျင် ကုန်ကျနိုင်သည် ။ 

8. အကယ်၍ ထိုသို့မဟုတ်ပါက ၊ လေယာဉ်လက်မှတ် ဖိုးအတွက် ထပ်မံလှူဒါန်းမည့်သူများရှိပါက အလကားပြန်ရလိမ့်မည် ။ မဟုတ်ပါက ငွေ 700 မဖြစ်မနေ ဆောင်ထားရန်လိုသည် ။သို့တည်းမဟြုတ် စိတ်ချယုံကြည်ရသော သူထံတွင် လေယာဉ်လက်မှတ်ခ ပေးထားပြီး ဖမ်းခံရပါက ကန့်ထဲသို့ လေယာဉ်လက်မှတ်လာပေးပါရန် အကူညီတောင်းထားသင့်သည် ။ 

9. ယနေ့အထိ ဖမ်းဆီးထိမ်းသိမ်းမှုဆက်တိုက်ဆောင်ရွက်နေပြီး ယခုနှစ်ကုန်အထိ ဆက်တိုက်ဆောင်ရွက်သွားမည့်အကြောင်း ယခုဖမ်းဆီးမှုအတွက် အဓိက တာဝန် ယူဆောင်ရွက်သော လဝက မှ Enforcement Director မစ္စတာ ကူးမားက မီဒီယာများသို့ ပြောကြားထားသည် ။ 

10. ပါမစ်ရှိသူမြန်မာနိုင်ငံသားများသည် ၊ ယနေ့ ပါမစ်မရှိသူ သူငယ်ချင်းများအတွက် ကူညီရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ကျွန်တော်တို့မှ တိုက်တွန်းအသိပေး နှိုးဆော်ပါသည် ။ 

11. မလေးရှားရောက် မြန်မာနိုင်ငံသား အိုဗာစတေး သမားများသည် ခေတ်အဆက်ဆက် မိမိလူမျိုး မိမိနိုင်ငံသားများအပေါ် လုံးဝဂရုမစိုက်သည့် အစိုးရဆိုး အဆက်ဆက် ၏ ဒဏ်ကို ရိုးရာမပျက် ခံရန်ရှိသည် ။ 

 12. မြန်မာနိုင်ငံသားများ၏ အစိုးရ ၊ တနည်းဆိုသော် မိဘ သည် ..သားသမီးများအား နိုင်ငံတကာ နိုင်ငံသားများနည်းတူ ၊ တနည်းဆိုသော် သူများသားသမီးများ ကဲ့သို့တန်းတူ မထားနိုင် ခဲ့သောကြောင့် မြန်မာနိုင်ငံသားများ ယနေ့ 2013 ခုနှစ်တိုင် မျက်နှာငယ်ရဆဲဖြစ်နေသေးသည် ။ 

13. ထို့အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားများ မှ မြန်မာပြည်ရှိ လူငယ်မောင်မယ်များအားလုံး ကို မလေးရှားသို့ ထပ်မံ လာရောက် အလုပ်လုပ်ကိုင်ရန် ဖိတ်ခေါ်သည် ။ သို့မဟုတ် မည်သည့် တိုးတက်ဆဲနိုင်ငံများသို့မည်သည့်နိုင်ငံမဆိုမဖြစ်မနေ သွားကြရန် တိုက်တွန်းသည် ။ 

13. မဟုတ်ပါက တစ်သက်လုံး မျက်စိပိတ် နားပိတ် ဦးဏှောက်ပိတ် ဖြစ်ပြီး.. ကျွန်တော်တို့ မိဘ ၊ အစိုးရ တာဝန်ရှိသူများ ၏ ခေတ်အဆက်ဆက် တာဝန်မကြေမှုများကို ကျွန်တော်တို့ နောက်လာ နောက်သာများ မခံရအောင် မျက်စိပွင့် နားပွင့် ရှိပါလိမ့်မည် ။ ဒုက္ခရောက်စေရန် လာစေလိုသော စိတ်စေတနာမဟုတ်ပါ ။ 

ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးကို ယခု လို မြေကြီးပေါ်တွင် စောင့်ကြောင့်ထိုင်၍ တရားဝင်ဖြစ်နေသည့်တိုင် ပတ်စပို့အား လက် ၂ ဖက်ဖြင့် လှမ်းပေးရသော အဖြစ်မျိုးမကြုံစေလိုပါ ။ 

14. အခြားနိုင်ငံသား များကိုမူ မလေးရှားအစိုးရ မှပြုံးပြပြီး လာလည်သည့် အတွက် ကျေးဇူးတင်ပါသည်ဟုပြောသည် ။ ထိုထဲတွင် ယနေ့ တပ်မတော် မြန်မာနိုင်ငံသားများ မပါဝင်သေးပါ ။ 

14 မလေးရှားနိုင်ငံသို့ ထပ်မံလာနိုင်သည် ။

 နိုင်ငံတကာသို့ သွားနိုင်သည် ။ များများရောက်မှ များများသိမည် ။ မည်သို့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အိုဗာစတေးဖြစ်ရသည် ။ မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံသားများ ယနေ့ 2013 တိုင် ယခုကဲ့သို့ရှိနေသည် ။ မည်သူ့ကြောင့် မြန်မာနိုင်ငံသားများ ယနေ့ နိုင်ငံတကာသွားနေရသည် ။ 

မည်သည့်အတွက်ကြောင့် ယနေ့ မြန်မာနိုင်ငံသားများ ဤသို့ရေးရသည်ဆိုသည်ကို ။မြန်မာနိုင်ငံသားအားလုံးသိစေချင်သည် ။ ဤဆောင်းပါးအားယနေ့ မလေးရှားရောက် မြန်မာများ Facebook စာမှတာဝန်ရှိသူများ အားလုံးစုပေါင်းရေးသားသည် ။ မည်သူမဆို လွတ်လပ်စွာ ကွဲလွဲနိုင်သည် ။ 

ဓာတ်ပုံ : ယနေ့ OPS 6P အတွင်း မှန်မှန် မမှန်မှန် စစ်ဆေးခံရန် မြေကြီးပေါ်ထိုင်နေကြရသူများ 

Source by : မလေးရှားရောက်မြန်မာများ 
www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။