Home » , » (မလေးရှား အရေးပေါ် သတင်း) သတင်း ဓာတ်ပုံများ

(မလေးရှား အရေးပေါ် သတင်း) သတင်း ဓာတ်ပုံများ

Written By မောင်စေတနာ on Sunday, September 1, 2013 | 12:03:00 PM

 

မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက်(၃) (မလေးရှား အရေးပေါ် သတင်း) သတင်းဓာတ်ပုံများ 

Sunday, September 1, 2013 | 1:00 PM ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) Sunday, September 1, 2013 | 12:08:00 PM ယခုအချိန်မှ စတင်ကာ ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နှင့် ကားဂိတ် ၊ ရထားဂိတ် ၊ အဝေးပြေးသွားကားဂိတ်များတွင် နိုင်ငံခြားသားများအား အော်ပရာဇီ (အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်နေပြီ ဖြစ်ပါသည်။

ကေအယ်တစ်ဝိုက်နှင့် အခြားနေရာများတွင်လည်း တစ်ပြိုင်နက် စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်နှင့် အခြားနေရာများ လူစည်ကားသော နေရာများသို့ သွားလာမှုများ ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။) 

ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ ပြည့်သူစစ်များမှ အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ သတင်းဌာန၏ သတင်းထုပ်ပြန်ချက်များအရ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။ 

အဆိုပါ အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ Kuala Lumpur, Selangor, Penang, Johor, Kalang ဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။ 

နေဇော်လင်း 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။