ယနေ့ မလေးရှား အစိုးရ၏ ကြော်ငြာချက်အတိုင်း မလေးရှား ကွာလာလမ်ူရှိ မြန်မာဆိုင်တန်းများ တစ်လျှောက်တွင် ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ သတင်းသမားများ စသဖြင့် စုံလင်စွာ ဖမ်းဆီင်္းမှုကိုစတင်ခဲ့သည် ။
တရားမဝင် နေထိုင်သူ ၊ အထောက် အထားမပြည့်စုံသူ အားလုံးကို ဆွဲခေါ်ပုံစံဖြင့်ဖမ်းဆီးသွားခဲ့ပြီး ကား ၃ စီးအပြည့်တင်ဆောင်သွားခဲ့သည် ။
ထို့အတူ ကလန်းလားမား ၊ Miharja ၊ Maluri ၊ Kuchin Lama ၊ Klang ၊ စသည့်အလုပ်သမား များနေထိုင်ရာ နေရာများတွင် ဖမ်းဆီးနေဆဲဖြစ်သည် ။
ထို့အပြင် Jalan prima setapak 5 - of jalan genting klang. setapak တွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook အသုံးပြုသူမှ သတင်းပေးသွားသည် ။
အလားတူ မလေးရှားနိုင်ငံ တစ်ဝှမ်းဖြစ်သော Malaka , Mua , Johor , Penang တို့ရှိ နိုင်ငံခြားသား အလုပ်သမားများ နေထိုင်သော နေရာများတွင်လည်း ဖမ်းဆီးနေပြီဖြစ်ကြောင်းနှင့် ယနေ့ 1.9.2013 နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် နေရာတော်တော် များများတွင် ဆက်တိုက် ဖမ်းဆီးနေပြီဖြစ်ကြောင်းကို မလေးရှား ရောက်မြန်မာများမှ သတင်းပေးသွားခဲ့သည် ။
အထူးသဖြင့် မိမိတို့နေအိမ်သည် နိုင်ငံခြားသားများ နေသည့် အိမ်ပုံစံအတိုင်း ၊ ရှုပ်ရှက်ခတ်နေသော အဝတ်စားများ လှမ်းခြင်း ၊ ကွမ်းတံတွေးများဖြင့် ညစ်ပတ်ခြင်း ၊ အများ သိသာလွယ်သော နိုင်ငုံခြားသားများ နေအိမ်ပုံစုံ ဖြစ်နေခြင်းတို့ရှိပါက သန့်ရှင်းထားရန် လိုအပ်သည်။
ဝင်ရောက် စစ်ဆေးသွားသော နေအိမ်များသည် နိုင်ငံခြားသားများ နေထိုင်သည်ဟု သေချာသော အိမ်များကိုသာ ဝင်ရောက် သွားကြောင်းသိရသည် ။
ဆက်လက်ပြီး ယနေ့ညနေ ရရှိမည့် သတင်းများကို ဆက်လက် တင်ဆက်ပေးသွားမည် ။
ဓာတ်ပုံ : Myo Kyaw Myaing FB
Source by : www.facebook.com/mmrinmy
0 comments:
Post a Comment