Home » , » 1.9.2013 မှ ယနေ့ နံနက်စောစောအထိ ဖမ်းဆီးမှုသတင်းများ အပြည့်အစုံ

1.9.2013 မှ ယနေ့ နံနက်စောစောအထိ ဖမ်းဆီးမှုသတင်းများ အပြည့်အစုံ

Written By မောင်စေတနာ on Monday, September 2, 2013 | 2:03:00 PM

 

မလေးရှားရောက်မြန်မာများအားလုံး သိထားခဲ့ပြီးဖြစ်သော ယမာန်နေ့ကမလေးရှားနိုင်ငံ အနှံ့အပြားမှာ တရားမဝင်နေထိုင်သူများကိုဖမ်းဆီးမှု အစီအစဉ်များ နေရာ 50 တိတိ တွင် တစ်ပြိုင်တည်း စတင်ခဲ့သည် ။ 

မလေးရှားနိုင်ငံလုံးဆိုင်ရာ တရားမဝင်နေထိုင်သူများ နှိမ်နင်းမှု့အစီအစဉ်လို့နာမည်ပေးထားတဲ့ OPS 6P ရဲ့ ညွန်ကြားရေးမှူး ဒါရိုက်တာ Immigration Department deputy director (Enforcement) M. Saravana Kumar ပြောပြချက်အရ ယနေ့တစ်ရက်တည်း တရားမဝင်နေထိုင်သူ 2433 ဦးဖမ်းဆီးရမိပြီးဖြစ်ကြောင်းသိရသည် ။ စုစုပေါင်း စစ်ဆေးရန် ဖမ်းဆီးခဲ့သည့်အရေအတွက်မှာ 8105 ဦးဖြစ်ပြီး ထိုထဲတွင်မှ တရားဝင်စာရွက်စာတမ်းမပြည့်စုံသူ ၊ 

အိုဗာစတေး သမား 2433 ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်ကြောင်း မစ္စတာ ကူးမားက ကြော်ငြာသည် ။ 2433 ဦးတွင် အင်ဒိုနီးရှား နိုင်ငံသား 717 Indonesians, Myanmar (555 persons), Bangladesh (387 persons), and Nepal (229 persons) နှင့် အခြားနိုင်ငံသားများဖြစ်သည့် Cambodia, Vietnam, India, Pakistan, Philippines, China, Nigeria နှင့် Thailand နိုင်ငံသားများ ပါဝင်ကြောင်းသိရသည် ။ အရာရှိ၏ပြောကြားချက်အရ အထက်ပါ ပမာဏသည် တစ်ရက်တည်း အတွင်း ဖမ်းဆီးရရှိမှု့ဖြစ်ပြီး လာမည့် နှစ်ကုန်အထိ ဆက်တိုက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည် ။ 

ထပ်မံပြီး ဖမ်းဆီးရရှိသူများ ၏ ရင်ဖွင့်သံများကို Thestar သတင်းစာက အောက်ပါအတိုင်း ယနေ့တင်ပြသွားခဲ့သည် ။ အသက် 44 နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်အောင် နှင့် Thestar သတင်းစာ၏ မေးမြန်းမှုတွင်္င် ကိုအောင်အောင်မှ " ကျွန်တော်တို့မလေးရှာကိုလာတာ မလေးရှားမှာ ဒုက္ခာရှာတာမဟုတ်ပါဘူး ၊ အလုပ်လာလုပ်တာပါ ၊ အိုဗာစတေးလဲ ဘယ်သူမှ မနေခြင်ကြပါဘူး ၊မိသားစုကို ပိုက်ဆံပြန်ပို့မယ် ဆိုတဲ့ ရည်ရွယ်ချက်ပဲကျွန်တော့်မှာရှိပါတယ် .. 

မြန်မာပြည်ကို ပြန်ပို့မယ်ဆို့တဲ့အတွက်တော့ စိုးရိမ်ပါတယ် အေးဂျင်းနဲ့ပြန်တိုးတဲ့အခါကြတတော့ 5000 ရင်းဂစ်ကုန်ကျမယ်လို့သိရပါတယ် ကျွန်တော် 5000 နဲ့ ပါမစ်အပ်ခဲ့ပေမယ့် ခုထိ ကျမလာပါဘူး လို့ " Thestar သတင်းဌာနကို ရင်ဖွင့်သွားခဲ့သည် ။ ဆက်လက်ပြီး မြန်မာနိုင်ငံသား အသက် 33 နှစ်ရှိသူ အေးငြိမ်းအောင် ရဲ့ပြောကြားချက်တွင် ။ "ကျွန်တော်က ပါမယ်သေတော့မယ် ဒါပေမယ့် ဝင်ငွေမကောင်းလို့မတိုးနိုင်တော့ဘူးလို့ ,, " Thestar ကိုပြောကြားသွားခဲ့သည် ။ 

ထို့အတူ အဖမ်းခံရသော သူများအားလုံးက မိမိတို့၏ အိုဗာစတေးဖြစ်ရသော အဓိကအကြောင်းအရာများကို Thestar သတင်းဌာနသို့ပြောပြသွားကြပြီး မလေးရှားသို့ 1995 ခုနှစ်ကတည်းက ရောက်ရှိ အလုပ်လုပ်ကိုင်နေသော 35 နှစ်အရွယ် အလုပ်သမားတစ်ဦးပြောကြားချက်တွင်.. 

သူသည် 6P အစီအစဉ်က ပါမစ်လျှောက်ထားခဲ့ကြောင်း တကယ်တမ်း သွားရောက် ပါမစ်ပြုလုပ်သောအခါ ထိုသူ၏ နာမည် ၊ မွေးနေ့ ၊ ပတ်စပို့ နံပတ် အားလုံးတူညီ စွာနှင့် အခြားသူတစ်ဦးမှာ ပါမစ် ထုတ်သွားပြီးဖြစ်ကြောင်း ..... 2011 သြဂုလ ကတည်းက ထိုသူ 6P တွင် ပါမစ်တင်ထားသော်လည်း ယနေ့ထိတိုင် အဆိုပါ ပြဿနာကြောင့် ပါမစ်မရရှိကြောင်းကို Thestar သတင်းဌာနသို့ ရင်ဖွင့်သွားခဲ့ကြောင်းသိရပါသည် ။ 

ယနေ့ ဖမ်းဆီးနေသာ Enforcement 6P ၏ စီမံချက် (အော်ပရာစီ) OPS 6P သည် အွန်လိုင်းပေါ်တွင် ဖွနေသော မဟုတ်မမှန်ကိစ္စ တစ်ခုမဟုတ်ကြောင်းကို မနေ့က 1.9.2013 တစ်ရက်တည်းတွင် တိုင်းပြည်လုံးရှိနေရာစုံဖမ်းဆီးမှုက သက်သေပြသွားသည် ။ 

မှန်မှန် မမှန်မှန် စစ်ဆေးရန် ခေါ်ယူသွားပြီး မှန်ကန်သူများကို ပြန်လည် လွတ်ပေးသည် ။ ဖမ်းဆီးရရှိသူများကို တိုင်းပြည်ပြန်ပို့မည့် အစီစဉ်ဖြင့်သာ ဖမ်းဆီးနေခြင်းဖြစ်သည် ။ အဖမ်းခံရပါက မိမိတို့ အိုဗာစတေး ဖြစ်ရသည့် အဓိကအကြောင်းရာကို OPS 6P တွင် တရားဝင်တိုင်ကြားသွားနိုင်သည် ။ 

6P တွင် တရားဝင်ဆက်လက်မဆောင်ရွက်သော အေးဂျင်း နှင့် သူဌေး 4200 ကျော်ကိုအရေးယူမည်ဟု တရားဝင်ကြော်ငြာထားသည် ။ တရားဝင်နေထိုင်သူ အမှန်သမားများအတွက်မူ မိမိတို့ အလုပ်ရှင်နှင့် သေချာ စွာညှိနှိုင်းထားရန်နှင့် စစ်ဆေးရန် ခေါ်ဆောင်သွားပါက တရားဝင်လာရောက် ဖြေရှင်းပေးနိုင်ရန် သေချာစွာ ညှိနှိုင်းထားဖို့အထူးလိုအပ်သည် ။ 

အိုဗာစတေးသများများအတွက် ကျွန်တော်တို့ Facebook စာမျက်နှာက စိုးရိမ်ပူပန်မနေကြပဲ ဖြစ်လာသော အရာများကို တည်ငြိမ်စွာရင်ဆိုင်သွားရန် နှင့် မိမိတို့ အိုဗာစတေးသမားများမှ အေးဂျင်းလိမ်လည်ခံရပြီး ပါမစ်မရသောသူများအဖို့ OPS 6P တွင်တရားဝင်တိုင်ကြားရန် ဖြစ်ကြောင်းကို ....

မလေးရှားရောက်မြန်မာများ Facebook Fun Page မှ အကြောင်းကြားရင်း နေ့စဉ်တင်ဆက်မှုများကို ဆက်လက်တင်ဆက်ပေးသွာမည်ဖြစ်သည် ။ 

Source by : www.facebook.com/mmrinmy 
 Source : Thestar , News Straight Time (NST) , BANAMA , MALAYSIAKINI ..
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။