
မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာခဲ့သော နိုင်ငံခြားသားများ အတွက် မလေးအစိုးရက 6Pခေါ် လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်တွင် မှတ်ပုံတင်တာ ၊ တရားဝင် အဖြစ် လုပ်ဆောင်တာ ၊ လွတ်ငြိမ်း ချမ်းသာခွင့် စီစဉ်တာ ၊ စစ်ဆေးမှုများ ပြုလုပ်တာ ၊ အရေးယူ တာနဲ့ နယ်နှင် ဒဏ်ပေးခြင်းများ ပါဝင်ကြောင်း သိရ သည်။
ယင်းသို့ မှတ်ပုံတင် ရာတွင် ကြားခံပွဲစားများအဖြစ် ဆောင်ရွက်ပေးနေသော ပွဲစားအချို့က လိမ်ညာမှုတွေ ၊ သတ်မှတ်ငွေထက် ပိုကောက်ခံတာတွေ ရှိနေဲ့အတွက် မြန်မာအလုပ်သမားများ နစ်နာနေကြရကြောင်း သိရသည်။
မလေးရှားအလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (MTUC)မှ ရှေ့နေ Peter Kandiah က မြန်မာအလုပ်သမားများအတွက် ကြားခံ ဆောင်ရွက်ပေးနေသော အဖွဲ့များက ထုတ်ပေးသော စာရွက်စာတမ်းများဟာ အတုများဟု သံသယရှိတဲ့အတွက် မလေးရှားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲရေးကို စစ်ဆေးဖို့ သြဂုတ်လလ(၂)ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းစာရွက်များကို ကိုင်ဆောင်နေတဲ့သူတွေ မကြာခဏ အဖမ်းခံနေရသောကြောင့် ယခုလို သံသယရှိတာဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မလေးရှားရဲ ၊ လူဝင်မှုကြီးကြပ်ရေးတွေက တစုံတရာ ဆောင်ရွက်ပေးမှု မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။
“အလုပ်သမားတွေ အများကြီးကို ထိခိုက်ပါတယ်။ သူတို့ပိုက်ဆံတွေ ကောက်တာက မမှားပါဘူး ။ ဒါပေမယ့် ပိုက်ဆံကောက်ပြီးတော့ သူတို့ဆီမှာ ဘာကြောင့် အလုပ်လုပ်ခွင့် မရှိရတာလဲ ။ ဒါဟာ ကျွန်တော်ရဲ့ မေးခွန်းပါ။ တကယ် အမှန်အကန်ဆိုရင်တော့ အလုပ်သမားတွေဆီမှာ အလုပ်လုပ်ခွင့် ပါမစ်ရှိရပါမယ်။ မြန်မာသံရုံးကလည်း ဒီကိစ္စကို သိပါတယ်။
ဒါပေမယ့် မစစ်ဆေးပေးပါဘူး ။ မလေးရှားလူဝင်မှုကြီးကြပ်ရေး ၊ ရဲတွေလည်း သိပေမယ့် မစုံစမ်းပေးပါဘူး။” ဟု Peter Kandiah က ဆိုခဲ့သည်။
မလေးရှားအခြေစိုက် မဟာနန်းလုပ်ငန်းစု ကုမ္ပဏီနဲ့ အခြားအဖွဲ့တွေက ထုတ်ပေးတဲ့ အထောက်အထားတွေကို စစ်ဆေးဖို့ ပြည်ထဲရေးကို ပေးခဲ့တယ်လို့ Peter Kandiah က ဆိုသည်။
မလေးရှားမှာ ဖွင့်ထားတဲ့ မစာနန်း လုပ်ငန်းစု ကုမ္ပဏီပိုင် စားသောက်ဆိုင်ဟာလည်း စစ်ဆေးရေးဝင်တာကို အကြောင်းပြပြီးတော့ ပိတ်ထားတာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
Source by :http://www.burmesehearts.com/
0 comments:
Post a Comment