Home » , » ချာရတ် Viva Home ပတ်ဝန်းကျင် တွင် ည ၁၀ နာရီ ပတ်ဝန်းကျင်တွင် ဓားထောက် လုယက်မှု နေ့စဉ်ဖြစ်ပွားနေ

ချာရတ် Viva Home ပတ်ဝန်းကျင် တွင် ည ၁၀ နာရီ ပတ်ဝန်းကျင်တွင် ဓားထောက် လုယက်မှု နေ့စဉ်ဖြစ်ပွားနေ

Written By မောင်စေတနာ on Sunday, July 28, 2013 | 9:52:00 AM

 

ချာရတ် Viva Home ပတ်ဝန်းကျင် တွင် ည ၁၀ နာရီ ပတ်ဝန်းကျင်တွင် ဓားထောက် လုယက်မှု နေ့စဉ် တိုက်ဖြစ်ပွားနေ

မလေးရှားရောက်မြန်မာများ သိသင့်တဲ့ သတင်းတစ်ခု အနေနဲ့ ကျွန်တော်တို့ရေးသားပေးမှာက ကွာလာလမ်ပူ ၊ ချာရတ် ၊ မီဟာဂျာ ရှိ အိမ်ထောင်ပရိဘောဂ ပစ္စည်းများ စုစည်းရောင်းချသော ကုန်တိုက်ကြီး ဖြစ်တဲ့ Viva Home ပတ်ဝန်းကျင်တွင် ယနေ့အထိ ၃ ရက်ဆက်တိုက် ဖြစ်ပွားနေသော ဓားထောက် လုယက်မှု့တစ်ခုအကြောင်းဖြစ်ပါတယ် ။ 

ထို ကုန်တိုက်မှ အပြန် မြန်မာ အလုပ်သမား တော်တော်များများ ယနေ့အထိ ၃ ရက်ဆက်တိုက် ဓားထောက်လုယက် ခံရလျှက်ရှိပြီး ပါလာသော ဖုန်း ၊ ပိုက်ဆံ ၊ နာရီ မှအစ တန်ဖိုးရှိ ပစ္စည်းအားလုံးကို ယူငင်ခံခဲ့ရကြာင်း ကျွန်တော်တို့ထံ သတင်းပေးပို့ထားပါတယ် ။ လုယက် သူများမှာ မလေးနိုင်ငံသား များဖြစ်ပြီး အသက် ၃၅ ခန့်ဝန်းကျင်ရှိကာ အရပ်မြင့်မြင့် ၊ လူကောင်တောင့်တောင့် မလေး ၂ ယောက်ဖြစ်ကြောင်း အိပ်ဆောင် ဓားမြှောင်ဖြင့် ထောက်ကာ ပါလာသော ပစ္စည်းအားလုံးကို ဓားပြတိုက် ယူငင်လျှက်ရှိကြောင်း သိရသည် ။ 

သို့ကြောင့် ယနေ့အထိ ကျွန်တော်တို့ မိတ်ဆွေများ အပါအဝင် ည ၁၀ နာရီကျော်ခန့်မှ ကုန်တိုက်သိမ်း၍ ပြန်လာသော မြန်မာတော် တော်များများ အလုယက်ခံရလျှက်ရှိပြီး ရက်ဆက် ဖြစ်နေတာကြောင့် အခြားသော မြန်မာများ သိရှိရအောင်ရေးသား တင်ဆက်ပေးရပါသည်။ အလုခံရသူများမှ မီဟာဂျာ ရဲစခန်းတွင် တိုင်ကြား ထားခဲ့သော်လည်း မနေ့ည ၁၀ နာရီ ၂၆.၇.၂၀၁၃ ထိတိုင် လုယုမှု့မှာ ဆက်လက်ဖြစ်ပွား လျှက်ရှိပါတယ် ။ 

ထို့အတူ Viva Home ပတ်ဝန်းကျင်သည် မြန်မာနိုင်ငံသားများ စွာနေထိုင်ပြီး Miharja Apartment , Miharja Condo , Miharja Apartment Phase2 တို့တွင်နေထိုင်သော မြန်မာနိုင်ငံသားအားလုံး အလုပ်သိမ်းပြန်လာပါက အုပ်စုလိုက်ပြန်ရန်နှင့် သတိထားနိုင်ရန် မလေးရှားရောက် မြန်မာများမှ အသိပေးရေးသားရပါသည် ။ 

Source by : မလေးရှားရောက်မြန်မာများ Facebook Fun Page 
www.facebook.com/mmrinmy 
www.edinooyin.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။