
မလေးရှားနိုင်ငံ CLAB (Construction Labour Exchange Centre Berhad) ဆောက်လုပ်ရေး ကုမ္ပဏီက လုပ်ငန်းခွင်၌ မတော်တဆမှုဖြင့် သေဆုံးခဲ့သော အလုပ်သမား ငါးဦးအတွက် လျော်ကြေးငွေကို သြဂုတ်လ ၁၉ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးတွင် လာရောက်ပေးမည် ဖြစ်ကြောင်း ယင်းလျော်ကြေးငွေ ကိစ္စကို ကူညီဆောင်ရွက်ပေးသည့် စွမ်းတော်ဝင် အေဂျင်စီ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်မိုးထွန်းက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် မတော်တဆမှု ဖြင့် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သူ ဦးအောင်မင်း (PP No.967080)၊ ဦးထွန်းအောင် (PP No.A020282)၊ ဦးထွန်းမြင့် (PP No.M013822)၊ ဦးရဲမင်းထွန်း (PP No.M404500)၊ ဦးအောင်ထွန်းမြ (PP No.808021) တို့ကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ သုံးထောင်နှုန်းဖြင့် CLAB (Construction Labour Exchange Centre Berhad) ဆောက်လုပ်ရေး ကုမ္ပဏီက လျော်ကြေးပေးအပ်မည် ဖြစ်သည်။
သေဆုံးသွားသည့် အလုပ်သမား ငါးဦးအနက် ဦးအောင်ထွန်းမြ (PP No.808021 ကိုင်ဆောင်သူ) ၏ မိဘ ဆွေမျိုးများနှင့် အဆက်အသွယ် မရရှိသေး ကြောင်းလည်း ဦးကျော်မိုးထွန်း၏ ပြောကြားချက်အရ သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက အဆိုပါ သေဆုံးသူ ငါးဦးအနက် နှစ်ဦးအတွက် ထောက်ခံစာ လက်မှတ်ထိုးပေးလိုက်ပြီ ဖြစ်ကြောင်း၊ ယခုလာမည့်ကိစ္စ ကိုမူ မသိရ သေးကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး က ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ပြည် ပ နိုင်ငံများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်ရင်း ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု တို့အတွက် နစ်နာကြေး ရရှိစေရန် ဆောင်ရွက်ပေးမှုပေါင်း တစ်ရာခန့် ရှိပြီဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရှိရသည်။
Source by : The Voice
0 comments:
Post a Comment