Home » , » မလေးရှား ရွေးကောက်ပွဲ လက်ရှိ အာဏာရ ပါတီ BN(ချိန်ခွင်) ကပဲဆက်လက်အနိုင်ရ

မလေးရှား ရွေးကောက်ပွဲ လက်ရှိ အာဏာရ ပါတီ BN(ချိန်ခွင်) ကပဲဆက်လက်အနိုင်ရ

Written By မောင်စေတနာ on Monday, May 6, 2013 | 1:03:00 AM



ယနေ့မလေးရှားနိုင်ငံရဲ့ 13 ကြိမ်မြောက် ရွေးကောက်ပွဲအဖြေအရ BN ပါတီ (လက်ရှိအာဏာရ ပါတီ) ကပဲ မဲအပြတ်အသတ်နဲ့အနိုင်ရရှိသွားပါတယ်ခင်ဗျာ ။ ယခင် အများသူငှာ ခန့်မှန်းထားသလို အတိုက်အခံပါတီ ရဲ့ ရလဒ်များ တက်လာခဲ့ပေမယ့် BN ကပဲဆက်လက်အနိုင်ရရှိသွားပြီဖြစ်ပါတယ် 

အချို့သောမဲဌာနများရဲ့အဖြေ ကျန်နေသေးပေမယ့်လဲ လက်ရှိမဲအရေ အတွက်အရNajib အစိုးရကဆက်လက် အာဏရရှိပြီဖြစ်ကြောင်း ယနေ့မလေးရှားနိုင်ငံပိုင်သတင်းဌာနများမှာ တရားဝင်ကြော်ငြာသွားခဲ့ပြီဖြစ်ပါတယ် ။ 

ယခင် အများသူငှာ ခန့်မှန်းထားသလို အတိုက်အခံပါတီ ရဲ့ ရလဒ်များ တက်လာခဲ့ပေမယ့် BN ကပဲဆက်လက် အနိုင်ရရှိသွားပြီဖြစ်ပါတယ် အချို့သောမဲဌာနများရဲ့အဖြေကျန်နေသေးပေမယ့်လဲ လက်ရှိမဲအရေအတွက်အရNajibအစိုးရက ဆက်လက် အာဏရရှိပြီဖြစ်ကြောင်းယနေ့မလေးရှားနိုင်ငံပိုင် သတင်းဌာနများမှာ တရားဝင်ကြော်ငြာ သွားခဲ့ပြီဖြစ်ပါတယ် ။ 

အနိုင်ရရှိတဲ့စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ ။ ပြည်နယ်နှင့်တိုင်းအလိုက်ဆိုပါက ပီနန်းပြည်နယ်တွင် အတိုက်အခံပါတီဖြစ်တဲ့ အများသိ ဒုံးပျံ့ က မဲပြတ် ၊ ipoh တွင် 56 ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးအတိုင်း အတာတွင် BN က နေရာအများစုဖြင့် အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ် ။ 

ဆက်လက်ပြီး မလေးရှားနိုင်ငံသား တရုတ် လူမျိုးများ၏ Facebook များတွင် ဝမ်းနည်းသော အထိမ်းအမှတ်အဖြင့် ကိုယ်ပိုင်ပုံများ မတင်ကြပဲ အမဲရောင် ဗြောင်ပုံများသာတင်ပြီး အနာဂတ်ပျောက်ပြီလို့ ဝမ်းနည်းသည့် အထိမ်းမှတ် တင်နေတာတွေ့ရမည်ဖြစ်ပါတယ် ။ အနိုင်ရ ပါတီဖြစ်တဲ့ လက်ရှိ အစိုးရပါတီ အများသိ ချိန်ခွင်ကတော့ ယနေ့ ထပ်မံအောင်ပွဲခံကာ ဝန်ကြီးချုပ် Najib က ဆက်လက် အုပ်ချူပ် သွားမည်ဖြစ်ပါကြောင်း 

ယနေ့ မလေးရှားရောက် မြန်မာလူငယ်များအားလုံးဗဟုသုတရရှိစေရန်အလို့ငှာ အပြည့်အစုံ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခ င်ဗျာ ။ နောက်ဆက်တွဲ သတင်းတစ်ပုဒ်အနေနဲ့ ယနေ့ မလေးရှားရောက် မြန်မာများစိုးရိမ်နေကြတဲ့ ရွေးကောက်ပွဲအပြီး အာဏာရပါတီ အပြောင်းအလဲရှိလာပါက အုပ်စု ၂ စုကြားပြဿနာများ အတွင်း ပဲလှော်ကြားဆားညှပ်မဖြစ်ရလေအောင် အသွားအလာ သတိထားကြရန် သတိပေးထားပေမယ့် မနက်ဖြန်ကစပြီး ပုံမှန်အခြေသာ ရှိနိုင်ပါလိမ့်မည်ခင်ဗျာ ။ 

ယနေ့ ရွေးကောက်ပွဲနေ့အတွက် ဖြစ်စဉ် ဆန်းများကတော့ ဘင်္ဂလားနိုင်ငံသားများ မဲဝင်ပေးမှု့အတွက် ဒေါသ ထွက်စွာခိုက်ရန်ဖြစ်ပွားမှု့များ ဖြစ်ခဲ့ပေမယ့် အခြားကြီးမားတဲ့ ရန်ပွဲ မရှိခဲ့ပါဘူး ။ ပဲရတ်ပြည်နယ် ဖြစ်တဲ့ အီပို့ရဲ့ ပါလီမန်အဆောက်အဦးရှေ့တွင်သာ ၅ နာရီခန့်က ပြဿနာ တက်မည့်အခြေအနေ အထိ စိုးရိမ်စရာဖြစ်လာ ခဲ့ပေမယ့် Rala များ ၊ မီးသတ်များနဲ့ ထုံးစံအတိုင်း ရေပိုက် ၊ မီးခိုးဗုံးများ အဆင့်သင့် လုပ်ကာ လူစုခွဲမှု့ကြောင့် တစ်နာရီအတွင်းအခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ် ။ 

တစ်ဖန် ကျွန်တော်တို့ တင်ဆက်ပေးခဲ့တဲ့ ပထမ ဘလော့အတိုင်း ကလန်းဘက်တွင် ဘင်္ဂလားလူမျိုးများ ကွန်တိန်နာဖြင့် မဲလာပေး သည့်ဖြစ်စဉ်မှလွဲပြီး အားလုံး ချေနေမွေ့စွာပြီးဆုံးပြီဖြစ်ကြောင်း မနက်ဖြန် တင်္နလာနေ့တွင်သာ မလေးအုပ်စုများ စကားများပါက ဝင်မပါရန် နှင့် မိမိအလုပ်မိမိ ချောမွေ့စွာ သွားလာ လုပ်ကိုင်နိုင်ပါကြောင်းကို အသိပေးရင်း ယနေ့အထူးသတင်းဖြစ်တဲ့ GE13 အဖြေကိုကြော်ငြာပေးလိုက်ပါတယ်။ 

ဘာသာပြန်
ဥယျာဉ်မှူးများ

Source by :www.edinooyin.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။