Home » , » မလေးရှားရွေးကောက်ပွဲ အတိုက်အခံအနိုင်ရဖွယ်ရှိ

မလေးရှားရွေးကောက်ပွဲ အတိုက်အခံအနိုင်ရဖွယ်ရှိ

Written By မောင်စေတနာ on Monday, May 6, 2013 | 12:22:00 AM



မလေးရှားနိုင်ငံမှာ ဒီနေ့ တနင်္ဂနွေနေ့ကကျင်းပတဲ့ အထွေထွေရွေးကောက် ပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ဒါဟာ ၅၆ နှစ်ကြာ အာဏာကို ထိန်းချုပ်ထားတဲ့ လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖြုတ်ချနိုင်မယ့် ရွေးကောက်ပွဲရယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ 

လက်ရှိ ၀န်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) ရဲ့ UMNO ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ၁၉၅၇ ခုနှစ် ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရပြီးချိန် ကတည်းက ဘယ်ရွေးကောက်ပွဲကိုမှ မရှုံးခဲ့သေးပါဘူး။ 

မစ္စတာရာဇက် ရဲ့ အမျိုးသားတပ်ဦး ညွန့်ပေါင်းပါတီဟာ ဒီရွေးကောက်ပွဲမှာတော့ အရင် ဒုတိယ၀န်ကြီးချုပ် အန်န၀ါအီဘရာဟင် (Anwar Ibrahim) ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

အခုနောက်ဆုံးကောက်ယူတဲ့ လူထုထင်မြင်ချက်စစ်တမ်းအရ သူတို့ဟာ ပွတ်ကာသီကာနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲဟာ လွှတ်တော်အမတ်နေရာ ၂၂၂ နေရာအတွက် မဲပေးကြတာဖြစ်ပါတယ်။ 

Source by :http://burmese.voanews.com/content/malaysia-election-05-05-13/1654951.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။