
27/5/13 , 2:15 နေ့လည် အချိန်မှ စတင်၍ ညနေ ၅ နာရီအတွင်း မလေးရှားနိုင်ငံ ကိုတာရာယာ ကုန်တိုက်ရှေ့ SM ကုန်တိုက်ရှေ့များတွင် အချုပ်ကားရပ်ထားပြီး ခရီးသွားများကို မလေးရှား အာဏာပိုင်များမှ ပတ်စပိုစ့်များ စစ်ဆေးခဲ့ပြီး အထောက်အထား မခိုင်လုံပါက အမှန်သမားပင် ဖြစ်သော်လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အကြောင်း အမျိုးမျိုးကြောင့် ကေအယ်သို့ သွားလာပါက လိုအက်သော စာရွက်စာတမ်းများ အထောက်အထား ခိုင်လုံစွာဖြင့် သွားလာကြပါရန် အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် ကေအယ်၍ အခြား နေရာများသို့ သွားလာပါက သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။
အောက်ပါ Facebook လိပ်စာတွင် မန်ဘာဝင် ထားခြင်းဖြင့် အရေးပေါ် မလေးရှား သတင်းများ ၊ သတိပေးချက်များ ၊ စာပေ ၊ နည်းပညာ ၊ ဖျော်ဖြေရေး ၊ အင်တာဗျူး ၊ ဗဟုသုတများ စတဲ့ အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။ မိမိ လိုအပ်သော အခက်အခဲများ အကူအညီများ ရယူလိုပါက အောက်ပါနေရာတွင် ဝင်ရောက်၍ နည်းပညာများ နှင့် အထွေထွေ လမ်းညွန်ချက်များကို အကူအညီ ရယူနိုင်ပါသည်။ https://www.facebook.com/pages/Nayzawlin1/292530074131729 ကိုနှိပ်ပြီး Facebook ,Like လုပ်၍ ၂၄ နာရီပတ်လုံး ပိုစ့်အသစ်တွေကို အားပေး ဖတ်ရှုနိုင်ပါတယ်။ Like လုပ်၍ အလွယ်တကူ မန်ဘာ ဝင်နိုင်ပါသည်။
(သတင်း ၊ ဓာတ်ပုံ ၊ ကိုကိုအောင်)
နေဇော်လင်း
Free Online Radio Media (Malaysia News)
0 comments:
Post a Comment