Home » , » မလေးရှားရင်းဂစ် ငွေဈေး ၂၀၁၃အတွင်း စံချိန်တင် မြင့်တက်လာခဲ့

မလေးရှားရင်းဂစ် ငွေဈေး ၂၀၁၃အတွင်း စံချိန်တင် မြင့်တက်လာခဲ့

Written By မောင်စေတနာ on Sunday, May 26, 2013 | 1:41:00 PM

 

မင်္ဂလာပါ ...

ယနေ့ကျွန်တော်တို့ ခေတ္တနေထိုင်တဲ့ မလေးရှားမှာ ၂၀၁၂ နဲ့ ၂၀၁၃ ကာလတစ်လျှောက်လုံး ငွေဈေးများကို မှတ်တမ်းတင်ရာမှာ ယခုလ ငွေဈေးကတော့ သိသိသာသာ မြင့်တက်လာတာကို အများသိကြမည်ဖြစ်ပါတယ် . ပြီးခဲ့တဲ့ ၂၀၁၂ တစ်နှစ်လုံးအတွက် ပျမ်းမျှငွေဈေး တစ်ရင်းဂစ်ကို ၂၆၈.၀၀ ကျပ်ရှိခဲ့ပြီး ၂၀၁၃ နှစ်ဆန်းပိုင်းတွေမှာတော့ ပျမ်းမျှ တစ်ရင်းဂစ်ကို ၂၇၅.၀၀ကျပ် ရှိနေခဲ့ပါတယ် ။ 

ဒါပေမယ့် ယခုလ မေလဆန်း မှာတော့ မလေးရှားရင်းဂစ်ဈေးနှုန်းက တစ်နှစ်ခွဲကာလအတွင်း ၃၀၇.၀၀ ကျပ် အထိ မြင့်တက်လာခဲ့ပါတယ် ။ မလေးရှားမှ မြန်မာနို်င်ငံသို့ Money Transfer အဖြစ် အစဉ်တစိုက် မြန်မာဆိုင်များမှသာ လုပ်ကိုင်နေပေမည့် ယခု ၂၀၁၂ ကစပြီး မြန်မာနိုင်ငံမှ ဧရာဝတီ ဘဏ်နှင့်မလေးရှား ငွေလွဲလုပ်ငန်းကို တရားဝင်စတင်လာခဲ့ပါတယ် ။ 

တရားဝင်ငွေလွဲများအဖြစ် ယခုအခါ ကမ္ဘာကျော် Western Union အပါအဝင် CIMB ဘဏ်တို့မှ လဲ မြန်မာငွေဈေးနှုန်းကို လက်ရှိဒေါ်လာပေါက်ဈေးအတိုင်းတွက်ပြီး တရားဝင်ပို့ဆောင်ပေး နေသည်ကိုလည်း ကျွန်တော်တို့ မလေးရှားရောက် မြန်မာတွေ သိကြမည်ဖြစ်ပါတယ် ။ မည်သို့ဆိုစေ ကျွန်တော်တို့အဖွဲ့အနေနဲ့ ငွေဈေးတက်လာသည်ကို အသိပေး လိုတာကြောင့် ငွေဈေးနှုန်း သတင်းကို တင်ဆက်ပေးခြင်ဖြစ်ပြီး အမိနိုင်ငံသို့ ငွေပို့မည့် ရွေသူငယ်ချင်းများ အနေဖြင့် ယခုအချိန်ဟာ ငွေဈေးမြင့်တဲ့ အချိန်ဆိုတာကို အသိပေးရေးသားရပါတယ် ။

ယခု မြန်မာငွေလွဲ လုပ်ငန်းများမှ လွဲခအနည်းငယ်ဖြင့် ဆက်လက် ဝန်ဆောင်နေပြီး နိုင်ငံတကာ ငွေလွဲလုပ်ငန်းများကတော့ ငွေဈေးပိုမြင့်ပေးပြီး လွဲခကို အနည်းငယ်မြင့်ယူကာ ဝန်ဆောင် ပေးနေသည်ကိုတွေ့ရမည်ဖြစ်ပါတယ် ။ ဆက်လက်ပြီး မလေးရှားနိုင်ငံရောက်မြန်မာတို့အတွက် ထူးခြား သတင်းများနဲ့ သိသင့် သိထိုက်သည်များကို မလေးရှားရောက် မြန်မာများအဖွဲ့ Facebook စာမျက်နှာကနေ ဆက်လက် တင်ဆက်ပေးနေမည်ဖြစ်ပါတယ် ခင်ဗျာ ။ 

Source by :www.edinooyin.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။