Home » , » အစာမကြေဘူးလား သင်္ဘောသီးစိမ်းကိုစား (ကျန်းမာရေး)

အစာမကြေဘူးလား သင်္ဘောသီးစိမ်းကိုစား (ကျန်းမာရေး)

Written By မောင်စေတနာ on Saturday, May 18, 2013 | 11:55:00 AM

သင်္ဘောသီးစိမ်းက သင်္ဘောသီးမှည့်ထက် ဘာလို့ပိုကောင်းသလဲ။ သင်္ဘောသီးမှည့်မှာ ဓါတ်တိုး ဆန့်ကျင် (antioxidant) ပစ္စည်းများ နှင့် ဗိုက်တာမင်တွေ ပါဝင်ပေမယ့် သင်္ဘောသီး စိမ်းမှာ ပိုမိုကြွယ်ဝတဲ့ papain ဓါတ်ကြောင့် အစာခြေအင်ဇိုင်းတွေဖြစ်ပေါ်စေပါတယ်။

Papain ဓါတ်က အစာအိမ်ကိုဘယ် လို အကျိုးပြုသလဲ။ Papain ဓါတ်ဟာ ခိုင်ခံ့တောင့်တင်းတဲ့ ပရိုတင်းတွေကိုတောင် ချေဖျက်ပေးနိုင်ပါတယ်။ Papain ကို အသားနူးဆေး (meat tenderizer) အဖြစ်ထုတ်လုပ်ပြီး ရောင်းချလျက်ရှိ ပါတယ်။

ဒါကြောင့် Papain ကြွယ် ၀တဲ့ သင်္ဘောသီးစိမ်းကိုစားရတာ အလွန်အားကောင်းတဲ့ အစာခြေအင် ဇိုင်းကို အစာအိမ်ထဲထည့်ထားတာ ပါပဲ။ သင်္ဘောသီးစိမ်းကိုဘာကြောင့် အစာမရှိတဲ့ အချိန်မှာစားရတာလဲ။ ဗိုက်ထဲအစာမရှိတဲ့အချိန် သင်္ဘောသီးစိမ်းစားတဲ့အခါ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပမာဏ နည်းစေ ပါတယ်။ အစာအိမ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်နည်းတာကြောင့် ပရိုတင်းချေဖျက်အင်ဇိုင်းတွေဟာ အစာအိမ်မှ အူသိမ်အထိ အလေအ လွင့်မရှိဘဲ ဆင်းသွားနိုင်ပါတယ်။

အူသိမ်ထဲရောက်လာတဲ့ ပရိုတင်းချေ ဖျက်အင်ဇိုင်းတွေကို သွေးလည်ပတ်မှု စနစ်ကစုပ်ယူပြီး သွေးတွင်း ဓါတ်တိုးပရိုတင်း (oxidized protein) တွေကို ချေဖျက်ပေးပါတယ်။ အား ကောင်းတဲ့ပရိုတင်းချေဖျက်အင်ဇိုင်းတစ်ခုဖြစ်တဲ့ Papain ကို အစာမရှိတဲ့ အချိန် ဦးဆုံးစားလိုက်တဲ့အခါ သွေးထဲကို အလေအလွင့်မရှိ ရောက်သွားစေပြီး အဆိပ်အတောက် ပရိုတင်း တွေကိုချေဖျက်ပေး တာကြောင့် သွေးခဲရောဂါများမှ ကာကွယ်ပေး ခြင်း၊ ကင်ဆာဆဲလ်များ ချေဖျက်ပေး ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါတယ်။ 

ဇော်ကို
Source: hive-health-media
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။