Home » , , , » Android ဖုန်းများအတွက် Myanmar eRadio App Software ( New Update)

Android ဖုန်းများအတွက် Myanmar eRadio App Software ( New Update)

Written By မောင်စေတနာ on Saturday, May 18, 2013 | 12:00:00 PM



ဟိုနေ့က Play Store ထဲရေဒီယို ဆော့ဝဲလ်တွေ လိုက်ရှာတာရင်း တွေ့လို့သုံးကြည့်တော့ အရမ်းမိုက်တယ်ဗျာ... မြန်မာ Online radio တစ်ခုပါ။ လက်ရှိကျွန်တော် အသုံးပြုနေပါတယ်။ Mandalay FM , Voice of America (VOA) , Radio Free Asia (RFA မနက်ပိုင်း ၊ ညနေပိုင်း) , ABC Australia , BBC News (Morning) , BBC News (Evening) NHK World Radio , စတာတွေကို အမြဲနားထောင်လို့ ရပါတယ်။

အခု နောက်ပိုင်း အသစ်အနေနဲ့ ထည့်သွင်းပေးထားတဲ့ ရေဒီယိုတွေကတော့ Shwe FM , Just Music Radio , MUMC Online FM , Myanmar Online Broadcasting , MMYO Online Radio , Nay Nat Thar , Easy Music Radio စတာတွေကို ထည့်သွင်းပေးပါတယ်။ အားလုံး ရေဒီယိုလိုင်း ၁၃ လိုင်းကို ဒီကောင်လေးနဲ့ ကြိုက်ရာ လိုင်းတွေကို နားထော င်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာများ အတွက် မြန်မာပြည် အလွမ်းပြေ Mandalay FM နှင့် Shwe FM စတဲ့ မြန်မာနိုင်ငံမှ လွင့်နေတဲ့ ရေဒီယို လိုင်းတွေကို နားထောင်လို့ ရပါတယ်။

ဥပမာ - Radio Free Asia (RFA) ရေဒီယို တိုက်ရိုက်လွင့်တာတွေ အလုပ်များနေလို့ နားမထောင်ဖြစ်ရင် ကိုယ်အားတဲ့ အချိန်ပြန်နားထောင်လို့ ရပါတယ်။ လမ်းသွားရင်း ကားစီးရင်း နားထောင်လို့ ရပါတယ်။ ရေဒီယိုလိုင်း ၆ လိုင်းကို ဝဘ်ဆိုက်တွေကို ဝင်ရောက်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးကိုဖွင့်ပြီး နားထောင်လို့ အဆင်ပြေတယ်။ 

အဓိက တစ်ချက်က internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။ လိုင်းကောင်းဖို့တော့ လိုအပ်ပါတယ်။ ရေဒီယိုကြီးဖွင့် နားထောင်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးနဲ့ လိုင်းစုံနားထောင်ရမှာပါ။ အားလုံး အိုကေပါတယ်။ သူငယ်ချင်းများလည်း သုံးကြည့်ပါ ခင်ဗျာ ... ဒီ App ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်လည်း ကောင်းတာတွေ တီထွင်နိုင်ပါစေဗျာ ...

အောက်ပါနေရာတွင် ဝင်ရောက် ရယူနိုင်ပါတယ်။ 

Android ဖုန်းကနေ download ဆွဲရန်

ကွန်ပျူတာကနေ download ဆွဲရန်

Zippyshare - http://www14.zippyshare.com/v/88304139/file.html

အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေ။


နေဇော်လင်း
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

1 comments:

Anonymous said...

ကျေးဇူးတင်ပါတယ်။
ဘာသာရေးနှင့် တရားတော် Channel ကိုလည်း လွှင့် ပေးစေချင်ပါတယ်။ TV က မဟာဗောဓိ လိုပေါ့။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။