Home » , » စင်ကာပူရှိ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

စင်ကာပူရှိ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

Written By မောင်စေတနာ on Monday, April 1, 2013 | 3:18:00 PM



စင်ကာပူနိုင်ငံရှိ မြန်မာများ အများဆုံး သွားရောက်လေ့ရှိပြီး မြန်မာစားသောက်ဆိုင်နှင့် မြန်မာလူသုံးကုန်ု ပစ္စည်းဆိုင် အများအပြားရှိရာ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် မြန်မာအစားအသောက်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်၌ ဓာတ်ငွေ့မီးဖို ပေါက်ကွဲမှုကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် အသက်နှစ်ဆယ်ကျော်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ခြေထောက်၌ မီးလောင်ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း The Straits Times သတင်းဋ္ဌာနက ဖော်ပြသည်။ 

စင်ကာပူ မြို့ပြကာကွယ်ရေးအဖွဲ့က ၎င်းတို့ မရောက်ရှိမီ အချိန်ကတည်းက ယင်းအဆောက်အဦမှ လူများသည် မိမိတို့ဘာသာ ထွက်ခွာခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအဆောက်အဦ အတွင်းရှိ အလိုအလျောက် မီးငြှိမ်းသတ်သည့် စနစ်က မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

မီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး The Straits Times သတင်းဋ္ဌာနမှ သတင်းထောက်များ ရောက်ရှိချိန်တွင် ဝန်ထမ်းများနှင့် အခြားသူစုစုပေါင်း ၁၀၀ ခန့်သည် မီးလောင်မှု ဖြစ်ပွားရာ အဆောက်အဦ အပြင်ဘက်၌ ဝိုင်းအုံနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။ 

Ref:The Straits Times

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။