
လတ်တလောဆူပူမှုတွေနဲ့ ပတ်သက်လို့ အင်အားသုံး ဖြေရှင်းတာကို မနှစ်မြို့ပေမယ့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးလာရင် လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်ရင် မြို့ပြအင်အားသုံးပြီး ထိထိ ရောက်ရောက် တားဆီးနှိမ်နင်းသွားမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က နိုင်ငံပိုင်မီဒီယာတွေ ကတဆင့် မတ်လ ၂၈ ရက် ညနေ ၄နာရီမှာ ပြောကြားသွားပါတယ်။ တရား ဥပေဒေစိုးမိုးရေးမှာ အဓိကနေရာက ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့ အညီ ရဲဝံ့ပြတ်သားစွာ ဆောက်ရွက်ဖို့ ပြောဆို သွားတာပါ။
Source by :DVBTVNews
0 comments:
Post a Comment