Home » , , » အောက်ပါနံပတ်များနဲ့ Misscallလာရင် ပြန်မခေါ်ပါနဲ့ (အထူးသတင်း)

အောက်ပါနံပတ်များနဲ့ Misscallလာရင် ပြန်မခေါ်ပါနဲ့ (အထူးသတင်း)

Written By မောင်စေတနာ on Saturday, March 2, 2013 | 3:40:00 PM



မင်္ဂလာပါ .... ယနေ့ အထူးအဆန်း သတင်းတစ်ပုဒ်အနေနဲ့ မလေးရှားနိုင်ငံ အထူးထောက်လှမ်းရေး အဖွဲ့မှ အောက်ပါသတင်း တစ်ပုဒ်အား မလေးရှားတွင်နေထိုင်သူများ နိုင်ငံသားများကို ထုတ်ပြန်ခဲ့ပါတယ် ။ 

သတင်းမှာ အကယ်၍ သင့်ဖုန်းထံ ( +375 ) ( +371 ) ( +081 )နဲ့ စတဲ့ နံပတ်တွေနဲ့ Misscall တွေဝင်လာခဲ့ရင် ပြန်မခေါ်မိစေဖို့ ယနေ့မလေးရှား အထူးရဲတပ်ဖွဲ့မှ အတိ အလင်းကြော်ငြာသွား ခဲ့ပါတာဖြစ်ပါတယ် ။ 

ရဲများက ထိုနံပတ်များကို သားကောင်ဖမ်းသော နံပတ်များရယ်လို့တင်စားပြီး ဖုန်းအသုံးပြုသူများထံမှ ပြန်ခေါ်ပါက နိုင်ငံတကာ တွင်မရှိသော ဆိုးဝါးတဲ့ နှုန်းထားများနဲ့ ပိုက်ဆံဖြတ်တောက် သွားမည်ဖြစ်ပါတယ် ။ 

အထူးထောက် လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးချုပ် Comm Datuk Syed Ismail Syed Azizan က သူတို့ထောက်လှမ်းရရှိမှု့နံပတ်များမှာ+375602605281, +37127913091 နံပတ်များ ဖြစ်တယ်လို့ဆိုပါ တယ်တယ် ။ 

အဆိုပါနံပတ်များအပြင် ( +375 ) ( +371 ) ( +081 ) နဲ့စတဲ့နံပတ်တွေနဲ့ Misscall လာတတ်ပြီး ပြန်ခေါ်မိပါက ဆိုးရွားစွာ ငွေကြေး ကုန်ကျမည်ဖြစ်တယ်လို့ရှင်းပြထားပါတယ် ။ အထူးသဖြင့် လပေးဖုန်း နဲ့ လိုင်းဖုန်းအသုံးပြုသူများအထိနာကြောင်းလည်း ဆက်လက်ပြောကြားသွားခဲ့ပါတယ် ။ 

လပေး SIM ကဒ်သုံးသူ တစ်ယောက် ဆိုလျှင် အဆိုပါ Misscall ကိုတွေပြီးနောက် ပြန်လည်ခေါ်ဆိုသော အခါ ပြန်ဖြေကြား တာပဲရှိပြီး မည်သို့မှ ပြန်လည် မတုန့်ပြန်ကြောင်း ၊                            လကုန်၍ ဖုန်း Bill တက်လာသော အခါ ထိုနံပတ်သို့ ခေါ်ဆိုမှု့အတွက် ရာချီ ကုန်ကျ သည်ကို တွေ့ရကြောင်း ထောက်  လှမ်းရေးမှုးက ပြောကြား သတိပေး ခဲ့ပါတယ် ။ 

အဆိုပါနံပတ်များကိုလည်း မည်သည့်နေရာမှဖြစ်သည်ကို ထောက်လှမ်း လျှက်ပင်ရှိသေးကြောင်း ပြည်တွင်း သို့မဟုတ် ပြည်ပ အဖွဲ့တစ်ဖွဲ့မှ အဆက်အသွယ်ရယူကာ ဖော်ထုတ်မည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုသူများ အနေဖြင့် အဆိုပါဖုန်းနံပတ် 2လုံးသာမက +375 , +371 ဖြင့်ဖုန်းဝင်လာပါက လုံးဝပြန်မခေါ်သင့်ကြောင်း ဆက်လက် သတိပေးသွားခဲ့ပါတယ် ။ 

အိုင်ယာလန်နိုင်ငံတွင်လည်း အဆိုပါ အဖြစ်အပျက်နှင့် ဆင်တူ ဖြစ်ပွားလျှက်ရှိပြီး ဖုန်းခေါ်ဆိုသူများကို သတိပေးထားကြောင်း ၊ အထက်ပါ နံပတ်များကို စုံစမ်း ရန်အတွက် ခေါ်ဆိုကြည့်သောအခါ 081 ဖြင့်စသော Slovenia လိုင်းဖုန်းများသို့ လွဲပစ်ကြောင်း သတင်းရရှိပါတယ် ။ 

သို့ပါသောကြောင့် မလေးရှားသာမက နိုင်ငံတကာ ရောက်မြန်မာနိုင်ငံသားများ သိရှိစေရန် အဆိုပါ နံပတ်များဖြင့် Misscall လာပါက ပြန်လည်ခေါ်ဆိုခြင်း မပြုရန် အသိပေးရင်း 2013 ရဲ့ ထူးဆန်းတဲ့ ငွေလည့်ဖြားမှု့ တစ်ခုကို သိစေဖို့ ဧဒင်ဥယျာဉ်မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ ...

Source by :https://www.facebook.com/photo.php?fbid=621562907870506&set=a.107115335981935.14258.100000504086945&type=1&theater
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။