
မနေ့က Thestar သတင်းစာရဲ့ သတင်းတစ်ပုဒ်ကို မလေးရှားရောက် ဧဒင်ဥယျာဉ်အဖွဲ့ဝင်တွေဖတ်လို့ရအောင် ဘာသာပြန်တင်ဆက် ပေးလိုက်ပါတယ် ။
ပြီးခဲ့တဲ့ 27.2.2013 က နိုင်ငံခြားသား တစ်ဦးရဲ့ အလောင်းလို့ယူဆရတဲ့ သင်္ဘောသား တစ်ဦးရဲ့ အလောင်း ဂျိုဟိုးပြည်နယ် ပင်လယ်ရေပိုင်နက် မှ 4.2 မိုင်အကွာ တန်ဂျုန်းပအိ ကမ်းရိုးတန်း အနီးမှာ ပေါလောမျော နေတာကိုတွေ့ခဲ့ရပါတယ် ။
ထိုအလောင်းတွင် လိမ္မော်ရောင် တောက်တောက် အသက်ကယ် အကျီဝတ်ဆင်ထားပြီး အကျီအနောက် ကျောပေါ်တွင် ORKIM ဟုရေးသားထားပါတယ် ။ ထို ORKIM အမည်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေဆိုက် ရေကြောင်းပို့ဆောင်ရေး ကုမဏီတစ်ခုဖြစ်တယ်လို့လည်း ဖော်ပြသွားခဲ့ပါတယ် ။
ထိုအဖြစ်အတွက် မလေးရှားနိုင်ငံ ရှိ ရေကြောင်းပို့ဆောင်ရေး ကုမဏီများကို သတိပေးချက်များ ပေးပို့ထားပြီး ထိုအလောင်းအတွက် ပိုင်ရှင်ရှာ ဖွေနေတယ်ဆိုတယ်လို့လဲ မလေးရှား ရေကြောင်းထိန်းသိမ်းရေးရဲအရာရှိ Supt N.Kalai Chelvan ကရှင်းပြောကြားသွားခဲ့ပါတယ် ။
ထိုအလောင်းသည် စုံစမ်း စစ်ဆေးချက်များအရ အသက် 29 နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ရေကြောင်း လုပ်သား တစ်ဦးဖြစ်ကြောင်း ၊ သင်္ဘောပေါ်မှ ပြုတ်ကျခဲ့ပုံရသည်ဟု ယူဆကြောင်း ပြောကြားခဲ့သော်လည်း ဆက်လက်စုံစမ်းမှု့များပြုလုပ်သွားမည် ဟုလည်းအရာရှိက ပြောကြားခဲ့ပါတယ် ။
အဆိုပါ အလောင်းအား Sultanah Aminah Hospital ရင်ခွဲရုံတွင် သိမ်းဆည်းထားပြီး ဆက်လက် စစ်ဆေးမှု့များပြုလုပ်သွားမည်ဖြစ်ကြောင်း Thestar သတင်းစာမှာ ဖော်ပြသွားခဲ့ပါတယ် ခင်ဗျာ ။
0 comments:
Post a Comment