
မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား အရေးပေါ် သတိပေးချက်(၁၃)
ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကေအယ် ကိုတာရာယာ ၊ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အော်ပရာဇီဝင်(စစ်ဆေးရေး)များ မကြာခဏ ခရီးသွားသူများကို စစ်ဆေးလျက် ရှိနေပြီး အထောက်အထား မခိုင်လုံပါက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကေအယ် ကိုတာရာယာ ၊ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အော်ပရာဇီဝင်(စစ်ဆေးရေး)များ မကြာခဏ ခရီးသွားသူများကို စစ်ဆေးလျက် ရှိနေပြီး အထောက်အထား မခိုင်လုံပါက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အရင်ကဆို စနေနေ့ ၊ တနင်္ဂနွေနေ့လောက်ပဲ ရဲတွေရှုပ်တာ အခုလထဲမှာ နေ့တိုင်းလိုလို ရဲတွေရှိနေပြီး နေ့စဉ်ပဲ မြန်မာတွေ မဟုတ်ရင်တောင် တစ်ခြားလူမျိုးတွေ
အဖမ်းခံနေရတာကို တွေ့နေရတယ်။ ဖမ်းတဲ့ အချိန်မှာ ပိုက်ဆံနဲ့ ထုပ်လို့ရတာ ရှိသလို အချုပ်ထဲ နှစ်ပတ်နေရပြီး ပိုက်ဆံပေးရတာလည်း ရှိတယ်။
တစ်ချို့က ချက်ချင်း ငွေပေးရင် လွတ်လာတာ တွေရှိတယ်။ အမျိုးမျိုးပါပဲ အခုတစ်ပတ်ထဲ ၂၀ ၊ ၂၁ နေ့က နံနက်ပိုင်းနဲ့ နေ့လည်ပိုင်း ကိုတာရာယာ လမ်းထောင်မှာ စစ်ဆေးဖမ်းဆီးနေတာ တွေ့ရတယ်။ အရင်က ယူနီဖောင်းနဲ့ ဝတ်ပြီးစစ်ဆေးပေမဲ့ အခုကြာပါပြီ သူတို့အရပ်ဝတ်နဲ့ ရဲကဒ်ထုပ်ပြပြီး စစ်ဆေးတယ်။ ဒါကြောင့် စာအုပ်မရှိသူတွေနဲ့ အထောက်အထားမရှိတဲ့ မြန်မာတွေ သတိထားပြီး သွားလာသင့်တယ်ဟု ကိုမျိုးဇော်မှ မလေးရှား အွန်လိုင်း ရေဒီယို မိဒီယာသို့ အသိပေး ပြောဆိုခဲ့သည်။
ကေအယ်တွင် ညနေပိုင်း ၆ နာရီနောက်ပိုင်း အချိန်များ ကိုတာရာယာ ရထားဂိတ် ၊ ကားဂိတ် ၊ လမ်းထောင့်များ ၊ ချိုင်းနားတောင်း ၊ ပါစာစီနီး ၊ မိုင်ဒင်း ၊ မြန်မာဆိုင်တန်း ဖက်များတွင် ရဲများ နှင့် ရေလာများ ၊ နှင့် အစုလိုက် ရှိနေတတ်ပြီး ခရီးသွာ လာသူများကို စစ်ဆေးကာ အထောက်အထား မခိုင်လုံပါက ဖမ်းဆီးပြီး ငွေတောင်းတတ်ကြောင်း သိရှိရသည်။
အကြောင်း အမျိုးမျိုးကြောင့် ကေအယ်သို့ သွားလာပါက လိုအက်သော စာရွက်စာတမ်းများ အထောက်အထား ခိုင်လုံစွာဖြင့် သွားလာကြပါရန် အသိပေးအပ်ပါသည်။ ကေအယ် အနီးတစ်ဝိုက်တွင် နံနက်ပိုင်း အချိန်များနှင့် ညနေပိုင်း အချိန်တွင် ကိုတာရာယာ ကုန်တိုက် အနီးနှင့် ကေအယ်မြန်မာ ဆိုင်များ တည်ရှိရာ လမ်းထောင့် များတွင် ယခင်ထက် ရဲများပေါများနေပြီး ခရီးသွားလာ နေသူများကို စစ်ဆေးပြီး ငွေတောင်း တတ်ပါသည်။
သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် ကေအယ်၍ အခြား နေရာများသို့ သွားလာပါက သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။
အောက်ပါ Facebook လိပ်စာတွင် မန်ဘာဝင် ထားခြင်းဖြင့် အရေးပေါ် မလေးရှား သတင်းများ ၊ သတိပေးချက်များ ၊ စာပေ ၊ နည်းပညာ ၊ ဖျော်ဖြေရေး ၊ အင်တာဗျူး ၊ ဗဟုသုတများ စတဲ့ အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။
မိမိ လိုအပ်သော အခက်အခဲများ အကူအညီများ ရယူလိုပါက အောက်ပါနေရာတွင် ဝင်ရောက်၍ နည်းပညာများ နှင့် အထွေထွေ လမ်းညွန်ချက်များကို အကူအညီ ရယူနိုင်ပါသည်။ https://www.facebook.com/pages/Nayzawlin1/292530074131729 ကိုနှိပ်ပြီး Facebook ,Like လုပ်၍ ၂၄ နာရီပတ်လုံး ပိုစ့်အသစ်တွေကို အားပေး ဖတ်ရှုနိုင်ပါတယ်။ အလွယ်တကူ မန်ဘာ ဝင်နိုင်ပါသည်။
နေဇော်လင်း
Free Online Radio Media (Malaysia News)
0 comments:
Post a Comment