Home » , » တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန်၂တွင် မီးလောင်မှုဖြစ်

တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန်၂တွင် မီးလောင်မှုဖြစ်

Written By မောင်စေတနာ on Thursday, March 28, 2013 | 8:41:00 PM



တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံသည် မတ်လ ၂၈ ရက်နေ့ နံနက် ၅နာရီ ၅ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးငြှိမ်းသတ်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အတိအကျ သိရသည်။ 

မုန့်အထွေထွေအခန်းမှ စတင်ကာ မီးခိုးများ တွေ့ရကြောင်း၊ ယင်းမုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျသူက ပြောသည်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ်၇စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုအကြောင်းအရင်းကိုမူ ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 

Source by :Eleven Media Group
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။