Home » , » နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) (ပဉ္စမအကြိမ်) စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) (ပဉ္စမအကြိမ်) စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်

Written By မောင်စေတနာ on Friday, March 29, 2013 | 11:59:00 AM



 နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) မှ မြန်မာ နှစ်ဆန်း (၁) ရက်နေ့ ၁၇-၄-၂၀၁၃ ရက်နေ့တွင် (ပဉ္စမအကြိမ်) စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပါမည်။

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) မြန်မာနှစ်ဆန်း (၁) ရက်နေ့ အထိမ်းအမှတ် (ပဉ္စမအကြိမ်) စုပေါင်းသွေးလှူဒါန်းပွဲ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ကို အသင်း၏ နာယက ဆရာမကြီး ဖြစ်သူ (ရန်ကုန်) နာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၏ သြ၀ါဒကို ခံယူကာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

အသင်း၏ အဓိက မဏ္ဍိုင်ဖြစ်သော သွေးလှူဒါန်းမှု အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ နာရေးကူညီမှု တို့နှင့် အခြားပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ကျွန်တော်များ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ မှ (ပဉ္စမအကြိမ်) စုပေါင်း သွေးလှူဒါန်းပွဲကြီး ကို လာမည့် “နှစ်ဆန်း (၁) ရက်နေ့” တွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသဖြင့် သွေးလှူဒါန်းလိုသူများ၊ အလှူရှင်များနှင့် အနယ်နယ် အရပ်ရပ်မှ ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံး ကြွရောက်ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ် နေ့ရက် ။ ။ ၁၇-၄-၂၀၁၃ (ဗုဒ္ဓဟူးနေ့)
အချိန် ။ ။ နံနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီ
နေရာ ။ ။ Chinese Assembly Hall တရုတ်တန်းခန်းမ
(ကွာလာလမ်ပူ) ပထမ နှင့် ဒုတိယအကြိမ် သွေးလှူပွဲ နေရာ (Maharajalela ဘူတာအနီး KL) ရုံးလိပ်စာ - မောသျှမ်း စားသောက်ဆိုင် (အပေါ်ထပ်) No.F-13, 1st Floor, Jalan Leboh Pudu, 50050, Kuala Lumpur.

Ph : 017 2838 470, 016 6938 766, 016 6738 398, 016 3687 939,012 3888 480, 016 2471 397, 010 260 1552, 012 272 6566, 010 5370 833, 014 9624 015, Tel : 03 2022 1245

Email : lovelyheart.blooddonation@gmail.com,
Web : www.myanmarblooddonorkl.com

နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။