Home » , » Time Square မှ ခုန်ချသူ တရုတ် အမျိုးသမီး သတင်းအပြည့်အစုံ

Time Square မှ ခုန်ချသူ တရုတ် အမျိုးသမီး သတင်းအပြည့်အစုံ

Written By မောင်စေတနာ on Sunday, February 17, 2013 | 3:55:00 AM



မလေးရှားရောက် မြန်မာတော်တော်များများလည်း သိပြီးဖြစ်တဲ့ ချစ်သူများနေ့ရဲ့ နံနက် 11 နာရီကျော်ကျော်မှာ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ရဲ့ အထင်ကရ ရှော့ပင်စင်တာ ဖြစ်တဲ့ Berjaya Times Square ရဲ့ 6 ထပ်မှ မြေညီထပ် ကြမ်းပြင်ပေါ်သို့ အသက် 36 နှစ်ရှိ အမျိုးသမီးတစ်ဦး ခုချကာ သတ်သေတဲ့ အမှု့ဖြစ်ပွားခဲ့ပါတယ် ။ 

 ဖြစ်ပွားတဲ့နေ့အရ 14.2.2013 ချစ်သူများနေ့ဖြစ်တာကြောင့် မလေးရှားနိုင်ငံသားတွေရဲ့ facebook စာမျက်နှာများမှာ တော့ ချစ်သူဆီက အချစ်ကို မရရှိတော့တဲ့ နောက်ပိုင်း အချစ်အတွက် အသက်စွန့်သွားတယ်လို့ မှတ်ချက်ပေးနေတာတွေကို ပြည့်နေအောင် တွေ့ရမည်ဖြစ်ပါတယ် ။ ယမန်နေ့ ရဲ့ The star သတင်းစာမှာတော့ အဆိုပါ ခုချသေဆုံးမှု့အတွက် အောက်ပါသတင်းကို တရားဝင်ကြော်ငြာသွားခဲ့ပါတယ် ။ 

 " KUALA LUMPUR: Choo Czek Yeng လို့ခေါ်တဲ့ 36 နှစ်အရွယ်အမျိုးသမီး 6 လွှာကနေ ခုန်ချပြီး သတ်သေမှု့ကြောင့်မလေးရှားရဲ့ အစည်ကားဆုံး ရှော့ပင်စင်တာမှာ ဈေးဝယ် လာရောက် လည်ပတ်နေကြတဲ့သူအားလုံး ရှော့ရပြီး အထိတ်တလန့်ဖြစ်ကြရတာပါတယ် ။ သူမပြုတ်မကျခင် အထိ လွာရဲ့ ဝရန်တာနားမှာ မှီပြီးရပ်နေတာကိုလည်းတွေ့ရပါတယ် ။ 

 ပြည်သူလူထုထဲက တစ်ယောက်ကပဲ ရဲစခန်းကို ဖုန်းခေါ်တာ 11 နာရီ 45 မှာရရှိတယ်လို့သိရပြီး စစ်ဆေးအပြီးမှာ Time Square ရဲ့ နေရာအများအပြားမှာ CCTV ပေါင်းမြောက်များစွာရှိပေမယ့် လူသွားစင်္ကြန်လက်ရန်တွေကို ချိန်ရိုက်ထားတဲ့ CCTV တစ်လုံးမှ မရှိတာကြောင့် ဘယ်လို ကျတယ်ဆိုတာကို အတည် မပြုနိုင်ခဲ့ဘူးလို့ Dang Wangi ရဲစခန်းကပြောကြားခဲ့ပါတယ် ။ 

ချစ်သူကြောင့် ခုန်ချတယ်လို့ပြောနေတာတွေ အားလုံးကို ငြင်းဆိုရတဲ့အကြောင်းကတော့ သူမမှာ လွန်ခဲ့တဲ့ 2 နှစ်ခန့်ကတည်းက စိတ်ပိုင်းဆိုင်ရာ ကျမ်းမာရေးချို့ယွင်းနေကြောင်း ကို စစ်ဆေးတွေ့ရှိပြီး ယနေ့တော့ သေကြောင်းကြံစည်မှု့ အထိ ဖြစ်ခဲ့ရတာဖြစ်ပါတယ် ။ သူမရဲ့ အလောင်းကို ကွာလာလမ်ပူမြို့ အထွေထွေ ဆေးရုံရှိ ရင်ခွဲရုံကိုပို့ထားပြီး ဆက်လက်စစ်ဆေးရန် ထားထားမည်ဖြစ်ကြောင်းလည်း သိရပါတယ် ။ 

သူမရဲ့ မိသားစု မိတ်ဆွေ အမျိုးများအနေနဲ့ အောက်ပါ အတည်ပြုလိုပါက အောက်ပါ ဖုန်းနံပတ်များကို ဆက်သွယ်ရန် လည်း ရဲဌာနက ကြော်ငြာချက် ထုတ်ပြန်ထားတာကို အသိပေးရပါတယ် ခင်ဗျာ။" 

Those with problems can call The Befrienders at 07-331 2300 in Johor Baru, 06-284 2500 in Malacca, 06-765 3588/3589 in Serem-ban, 03-7956 8144 / 8145 in the Klang Valley, 05-547 7933/ 7955 in Ipoh, 04-281 5161/1108 in Penang and 088-255 788 in Kota Kinabalu. 

Source by :Myo Min Latt
https://www.facebook.com/EDINBBQ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။