Home » , , » အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲမှ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲမှ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

Written By မောင်စေတနာ on Wednesday, February 13, 2013 | 12:06:00 PM



(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အစီအစဉ်ကို ၁၂.၂.၂၀၁၃ အင်္ဂါနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ Chinese Assembly Hall ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

နံနက် ၁၁ နာရီအချိန်တွင် အခမ်းအနား အစီအစဉ်ကို စတင်ခဲ့ပြီး ပထမဦးစွာ ပြည်ထောင်စု အထိမ်းအမှတ် အနေဖြင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်အပေါင်းအား အလေးပြုခဲ့သည်။ 

ယင်းနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ဥက္ကဌ ဦးထွန်းငွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုဥက္ကဌ ဦးကျော်ကျော်မိုးမှ ပြည်ထောင်စုနေ့ မှတ်စုခေါင်းစဉ်ဖြင့် ပြောကြားခဲ့ရာ ပြည်ထောင်စုနေ့ အကြောင်း ဗဟုသုတများစွာဖြင့် ပြောကြားပေးခဲ့သည်။ 

၎င်းနောက် ဒေါက်တာ ဦးထင်အောင်မှ ပြည်ထောင်စုနေ့ အမှတ်တရ စကားပြောကြားခဲ့ပြီး ထိုနောက် အခမ်းအနားသို့ တက်ရောက်လာကြသော အဖွဲ့အစည်းခေါင်းဆောင်များမှ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ စကားပြောကြားခဲ့သည်။ 

 နေ့လည် ၂ နာရီအချိန်တွင် ကျည်ဆန်များအစား ပန်းများပွင့်စေ စသည့်သီချင်းကို ဂီတာတီးကာ သီဆိုဖျော်ဖြေပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြကာ အခမ်းအနား အစီအစဉ်အား ရပ်နားခဲ့သည်။

 


နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။