Home » , » ဆီးဂိမ်းတွင် ပြည်တွင်း ကုမ္ပဏီနှစ်ခုမှ တာဝန်ယူ၍ Wi-Fi လွှင့်ပေးမည်

ဆီးဂိမ်းတွင် ပြည်တွင်း ကုမ္ပဏီနှစ်ခုမှ တာဝန်ယူ၍ Wi-Fi လွှင့်ပေးမည်

Written By မောင်စေတနာ on Thursday, January 17, 2013 | 1:16:00 AM


၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Wi-Fi အင်တာနက် လွှင့်ပေးနိုင်ရန် ပြည်တွင်း ကုမ္ပဏီနှစ်ခုမှ အဓိကတာဝန်ယူ လုပ်ဆောင်သွားဖွယ်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ 

လက်ရှိတွင် Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင်ရေးဆောင်ရွက်ပေးနေ သည့် ကုမ္ပဏီကြီးများမှာ Red link၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ ၊ အေးရှား မက်ဂါလင့်အစရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ “ဆီးဂိမ်းကျင်းပတဲ့အခါ ပြိုင်ပွဲဝင်နိုင်ငံတွေက လာရောက်ယှဉ်ပြိုင်ကြတဲ့ ကစားသမားတွေ၊ လာရောက် ကြည့်ရှုအားပေး ကြမယ့် ပရိသတ်တွေ အတွက် အဓိကဦးစားပေးပြီး Wi-Fi အခမဲ့သုံးစွဲနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်တယ်၊ ဒီလိုဆောင်ရွက်ပေးတာ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ အားကစားပြိုင် ပွဲတွေလို ဆက်သွယ်ရေးဝန်ဆောင်မှု ကောင်းအောင်ပြုလုပ်ခြင်း ဖြစ်တယ်” ဟု ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆို Wi-Fi အင်တာနက်ဝန်ဆောင်မှုပေးလို၍ ဆီးဂိမ်းတွင် တင်ဒါလျှောက် ထားသည့် ကုမ္ပဏီ(၂၇)ခု ရှိသည့် အနက်မှ လက်ရှိအချိန်၌ ပြည်တွင်း ကုမ္ပဏီနှစ်ခုသာ ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။ WIFI ထုတ်လွှင့်ပေးမည့်နေရာများမှာအားကစားကွင်းတည်ရှိရာနေရာ များနှင့် ကစားသမား တည်းခိုမည့် နေရာနှင့် မီဒီယာစင်တာများတွင် Wi-Fi စနစ်ရရှိနိုင်အောင် ပြုလုပ်ပေး သွားမည်ဖြစ်သည်။ 

“အခုလို Wi-Fi အသုံးပြုနိုင်အောင်ပြုလုပ် ရမှာလည်း ဆီးဂိမ်းကျင်းပမယ့် နေပြည်တော်၊ ရန်ကုန်၊မန္တလေးနဲ့ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထားပြုလုပ်သွားမှာ ဖြစ်ပါတယ်။”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက်လိုင်း ဆွဲအားပိုမိုမြန်ဆန် စေရေးအတွက် 512 Mbအထိ မြန်နှုန်းအပြည့်အ၀ရရှိစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။ 

ဆီးဂိမ်းပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းအုပ်ချုပ် သူ နည်းပြနှင့် အားကစာသမားများအပြင် မီဒီယာသမားများ အနေဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံများနှင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်ပြောဆို ဆက်သွယ်နိုင်ရေး ဆောင်ရွက်ထားရှိ မည်ဖြစ်ကြောင်းကိုလည်း သိရသည်။ ဆီးဂိမ်းပြိုင်ပွဲကို အခြားအရှေ့တောင်အာရှိနိုင်ငံများတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲထက် ယခု(၂၇)ကြိမ် မြောက်ပွဲတော်အား ပိုမိုကောင်းမွန်ပြည်စုံ သည့်အားကစားပြိုင်ပွဲကြီးအဖြစ် အဆင့်အတန်းမြင့်စွာ ကျင်းပ နိုင်ရေး အတွက် ယခုကဲ့သို့ Wi-Fi ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်းကိုလည်း သိရသည်။

၂၇ကြိမ်မြောက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲအခင်းအနား ဖျော်ဖြေရေး စီအစဉ် များတွင် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံယဉ်ကျေးမူဝန်ကြီးဌာနနှင့် China Arts and Entertainment Group မှတာဝန်ရှိသူများနှင့် ကြိုတင်ပြင်ဆင်လေ့ ကျင့်ရေး ကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ မှ ဇန်န၀ါရီလ ဒုတိယအပတ် အတွင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

Source by : Myit Makha Mediagroup
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။