Home » , » မိုဘိုင်းဖုန်း ကျပ်တစ်သိန်းအောက် လျှော့ချရန် သမ္မတ ပြောကြား

မိုဘိုင်းဖုန်း ကျပ်တစ်သိန်းအောက် လျှော့ချရန် သမ္မတ ပြောကြား

Written By မောင်စေတနာ on Thursday, January 17, 2013 | 1:04:00 AM


ဆက်သွယ်ရေးမှ ထပ်မံရောင်းချပေးမည့် ဖုန်းရောင်းဈေး ကျပ်တစ်သိန်းအောက် သို့ လျှော့ချပေးရန် နိုင်ငံတော် သမ္မတက ပြောကြားထားသည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းထံမှ သိရသည်။ “ဒါမှ အများပြည်သူ ကိုင်နိုင်မှာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ နိုင်ငံတော်သမ္မတရုံးက ပြောဆိုထားမှုကို လက်ရှိတွင် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ဆွေးနွေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဋ္ဌေးဝင်းက “ရောင်းဖို့ဈေးနှုန်း သတ်မှတ်ထားပြီး ပါပြီ၊ ရောင်းချခွင့်ပဲ လိုပါတော့တယ်။ ဒီအတွက် အထက်ခွင့်ပြုချက်ကို စောင့်နေတာပါ။ ကျွန်တော်တို့ ဘက်ကတော့ ဖုန်းတွေ ရောင်းချပေးဖို့ အသင့်ရှိနေပါပြီ” ဟု ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ ပုဂ္ဂလိက ကုမ္ပဏီသုံးခုနှင့် ပူးပေါင်း၍ ယခုလတွင် ကျပ်တစ်သိန်းခွဲအောက် ဖုန်းလိုင်း တစ်သန်းကျော်ကို ရောင်းချသွားမည်ဟု သိရသည်။ 

ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဖုန်းများ ရောင်းချပေးရန် အတွက် 3G စနစ် အင်တာနက်လိုင်းများ တိုးမြှင့်ချိတ်ဆက်ခြင်း၊ အရောင်းဌာနများ ဖွင့်လှစ်ခြင်းနှင့် Customer Service Center ဖွင့်လှစ်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်လက် ပြောသည်။ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချပေးမည့် မိုဘိုင်းဖုန်းဈေးနှုန်းနှင့် ပတ်သက်၍ ပြည်တွင်းထုတ် သတင်းဂျာနယ် အချို့တွင် ဂျီဖုန်း ကျပ်တစ်သိန်း၊ WCDMA ဖုန်း ကျပ်တစ်သိန်းနှစ်သောင်း ဟူ၍ ရေးသားဖော်ပြမှုများ ရှိနေသည့်အပြင် ပြည်သူများကြားတွင်လည်း ကျပ်ရှစ်သောင်း၊ ကျပ်ငါးသောင်းဟူ၍ ဈေးနှုန်းအမျိုးမျိုး ထွက်ပေါ်နေကြောင်း သိရသည်။ 

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထား များအား ဈေးနှုန်းလျှော့ချ ရောင်းချရန် စီစဉ်နေသော်လည်း ရောင်းပေး မည့် ဈေးနှုန်းသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နှုန်းထား ကြီးမြင့်နေသည့်အပြင် သုံးစွဲနိုင်သည့် လူဦးရေမှာလည်း အဆိုပါ နိုင်ငံများထက် လျော့နည်းနေကြောင်း မိုဘိုင်းနည်းပညာ ကျွမ်းကျင်ပညာရှင် ကိုသီဟသူက ပြောသည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယားတို့တွင် ဖုန်းကတ် တစ်ကတ်လျှင် မြန်မာငွေကျပ် ထောင်ဂဏန်းခန့်သာ ရောင်းချနေကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source by :International Social Network Myanmar
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။