Home » , , » UK၌ ပညာသင်ရန် ဗီဇာစာရွက်စာတမ်းများဖြင့် မလုံလောက်တော့ပဲ အင်တာဗျူး စစ်မေးခံရ

UK၌ ပညာသင်ရန် ဗီဇာစာရွက်စာတမ်းများဖြင့် မလုံလောက်တော့ပဲ အင်တာဗျူး စစ်မေးခံရ

Written By မောင်စေတနာ on Saturday, January 5, 2013 | 4:44:00 PM

 

UK၌ ပညာ လာရောက် သင်ကြားရန် အတွက် ဗီဇာ လျှောက်မည့် သူများမှာ ယခင်က စာရွက်စာတမ်း သက်သေ အထောက်အထားများနှင့်သာ ပြီးစီး ခဲ့သော်လည်း လာမည့် ရှေ့ကာလ များ၌ စာရွက်စာတမ်းများနှင့် မလုံလောက်တော့ပဲ လူကိုယ်တိုင် စစ်ဆေးမေးမြန်းခြင်း ခံရမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Theresa Mayက ပြောကြား လိုက်သည်ဟု ပြည်တွင်းရှိ Future Way Education Centerမှ သိရှိ ရပါသည်။ 

UKသို့ အခြားသော ရည်ရွယ်ချက် (ဥပမာ- အလုပ် လုပ်လို၍)ဖြင့် လာရောက်ခြင်း မဟုတ်ပဲ အမှန်တကယ် ပညာ သင်လို၍ လာရောက် သည် ဆိုခြင်းအား သေချာစေရန်နှင့် ဗီဇာ အလွဲသုံးစား လုပ်ခြင်းကို အဆုံးသတ် စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့အတွက် လာမည့် ဧပြီလမှ စ၍ လူအယောက် (၁၀၀,၀၀၀) ကျော်မှာ လူဝင်မှု ကြီးကြပ်ရေး ၀န်ထမ်းများ၏ မေးမြန်း စစ်ဆေး ခြင်းအား ခံရတော့မည်ဟု သိရသည်။ ထို့အပြင် အစိုးရ ကိုယ်တိုင် ကလည်း UKသို့ ရေရှည်နေရန် လာရောက် သူများနှင့် ထွက်ခွာသွားကြမည့် အရေ အတွက် လူစာရင်းကို (၂၀၁၅) ခုနှစ်၌ (၁၀၀,၀၀၀) လောက်သာ ဖြစ်စေရန် အတွက် ဆန္ဒရှိနေသည်။ 

ထို့ကြောင့် UKသို့ ပညာသင်ရန်အတွက် ဗီဇာ လျှောက် ကြသည့် ဥရောပသမဂ္ဂ ပြင်ပမှ ကျောင်းသားများကို ဗီဇာ တင်းကျပ်ရခြင်း ဖြစ်သည်ဟု သိရသည်။ စာသင်ကြား ခြင်းကို အကြောင်းပြ၍ တိုင်းပြည်အတွင်း၌ အလုပ်လုပ်ရန် ရှိနေသည့် Overstayers များကို တားဆီးရန် ဖြစ်သည်ဟုလည်း သိရသည်။ သို့သော် အချို့သော ပညာရေး တက္ကသိုလ် အဖွဲ့အစည်းများကမူ ယင်းကဲ့သို့သော ပြောင်းလဲမှု များကြောင့် နိုင်ငံတကာမှ ထူးချွန် ကျောင်းသားများကို ခေါ်ယူရန် အတွက် ပိုမို ခက်ခဲသွားစေလိမ့် မည်ဟု စောဒက တက်ခဲ့ကြသည်။ 

အဆိုပါ လူတွေ့စစ်ဆေးသည့် စနစ်ကို ပြီးခဲ့သည့်နှစ်ကတည်းက UK Border Agencyမှ စမ်း၍ ကျင့်သုံးခဲ့ပြီး အရဲ စွန့်၍ ကျောင်း သား ဗီဇာ ပေးရမည့် လျှောက်လွှာ ရှင်များအား စာရွက်စာတမ်း အထောက် အထားများ သာမကပဲ အင်တာဗျူး၍ စစ်ဆေးခဲ့သည်ဟု သိရသည်။ စမ်းသပ် စစ်ဆေး ခြင်းကို ပါကစ္စတန်မှ လျှောက်လွှာ များဖြင့် စတင်ခဲ့ပြီး အခြားတိုင်းပြည် များမှ သူများကိုလည်း စစ်ဆေး ခဲ့ကာ ကျောင်းသားပေါင်း (၂၃၀၀) ကျော်မှာ စစ်ဆေးမေးမြန်းခြင်း ခဲ့ရသည်ဟု သိရသည်။ 

UK Border Agency၏ အင်တာဗျူးမည့် အစီအစဉ်ကို ရှေ့ဆက် တိုးချဲ့ လုပ်ဆောင် သွားရမှာ ဖြစ်ကြောင်း လာမည့် ရှေ့နှစ်၌ အရေအတွက် (၁၀၀,၀၀၀) ကျော်ကို စစ်ဆေး မေးမြန်းဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။ လာမည့် ဧပြီလမှ စ၍ UK တက္ကသိုလ်များမှ ပညာသင် ပြီးကြမည့် ဥရောပမှ မဟုတ် သော PhD ကျောင်းသားများမှာ အလုပ် ရှာရန်နှင့် အလုပ် လုပ်ရန်အတွက် နိုင်ငံ အတွင်း (၁) နှစ် နေထိုင်ရန်အတွက် အလို အလျှောက် ခွင့်ပြုခြင်း ခံရမည် ဖြစ်ကြောင်း Future Way Education Centerမှ သိရသည်။ 

Source by :Myanmar ICT
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။