Home » , , » ခေတ်သစ် တာဇံမလေး Tippi Degré

ခေတ်သစ် တာဇံမလေး Tippi Degré

Written By မောင်စေတနာ on Thursday, January 24, 2013 | 4:18:00 PM

တောင်အာဖရိကမှာ မွေးပြီး တောင်အာဖရိကမှာပဲ ကြီးပြင်းခဲ့တဲ့ ကလေးမ ငယ်လေး Tippi Degré ဖြစ်ပါတယ်။ ပြင်သစ်လူမျိုး တောရိုင်း သဘာဝ လေ့လာရေး ဓာတ်ပုံဆရာ မိဘမှ မွေးဖွားပြီး တောထဲမှာပဲ ၁၀ နှစ်မက နေခဲ့ပါတယ်။ နေထိုင်စဉ် ဘဝတစ်လျှောက်လုံး ကျား၊ ခြေင်္သေ့၊ ရေမြင်း၊ ဆင်၊ မျောက်၊ ကြံ့ ၊ မြွှေ၊ ဖား၊ ပုတက် အစရှိသဖြင့် တောရိုင်းတိရစ္ဆာန်များနဲ့ အတူတူ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သာမန် လူရိုင်းတစ်ယောက်တောင် သူ့လောက် တိရစ္ဆာန်စုံစုံလင်လင်နဲ့ မချဉ်းကပ်၊ မနေထိုင်ရဲပါ ဘူး။ မွေး ကတည်းက ကြီးပြင်းတဲ့အချိန် ထိ တောရိုင်း တိရစ္ဆာန်များနဲ့ ပျော်ပါးပြီး တာဇံမလေးလို့တောင် ခေါ်တွင်ပါတယ်။ သူ့မှာ ရွယ်တူ သူငယ်ချင်း မရှိပဲ တိရစ္ဆာန် သူငယ်ချင်းပဲ ရှိပါတယ်။ Tippiကို အခြေခံလို့ ရုပ်ရှင်၊ တီဗီရုပ်သံ အစီအစဉ်မှ တင်ဆက်ပြီးတော့ လည်း အောင်မြင်ခဲ့ပါတယ်။ 

Wildlife Photograph တွေမှာ လည်း တော်တော်များများ ပါဝင်ပြီး Tippi လူ အနောက်တိုင်း လူဖြူတစ်ဦး အနေနဲ့ တိရစ္ဆာန်များနဲ့ ရင်းနှီးမှုက ထူးခြားကြောင်း သိရပါတယ်။

Source by : wildlife International news for myanmar
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။