Home » , , » ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်

ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်

Written By မောင်စေတနာ on Thursday, January 24, 2013 | 4:44:00 PM


ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင် မှုတွေက တော်တော် ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ် ကာ ရောင်းချတတ်ကြပါတယ်။ 

အဟာရဓာတ် ပါဝင်မှု များပြားတဲ့ အတွက် ဖျားနာပြီး နလံထစ လူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင် တာများ ချောမွေ့စေခြင်းဓာတ်မတည့်ခြင်းကို သက် သာစေခြင်း၊ ချောင်း ဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်းကင်ဆာဖြစ် ပွားခြင်း ကို လျော့နည်းစေခြင်းသွေးဥများကို တိုးပွားစေခြင်း သွေး ရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန် အတိုင်း ဖြစ်စေနိုင်ခြင်းအမျိုးသားများ အတွက် ခွန်အား တိုးပွားစေခြင်း ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများ ကို ကောင်း မွန်စေခြင်းအမျိုးသမီးများ ဓမ္မတာကောင်း မွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေး အကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း စသဖြင့် အကျိုးများ ရရှိတယ်လို့ သိရှိရပါတယ်။ 

ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှ ပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါ တယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့် နိုင် ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန် အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ 

အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက် ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက် လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှ တဲ့ ရေခဲတောင်တွေ ထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက် ပျိုးထုတ်လုပ်နိုင်မယ် 

ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်း ကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။ 

 Source by : လမင်းမောင်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။