Home » , » STA ၃နှစ်ပြည့် အလှူပွဲ အစီအစဉ် ဖိတ်ကြားလွှာ (မလေးရှား)

STA ၃နှစ်ပြည့် အလှူပွဲ အစီအစဉ် ဖိတ်ကြားလွှာ (မလေးရှား)

Written By မောင်စေတနာ on Thursday, January 31, 2013 | 1:52:00 AM



ကျွန်တော်များ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များအသင်း (မလေးရှား)၏ (၃)နှစ်ပြည့် အလှူပွဲသို့ အောက်ပါအစီအစဉ်များ အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကြွရောက် ချီးမြင့်ပေးကြပါရန် ခင်မင် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၃ရက် ၂လ ၂၀၁၃ခုနှစ် (တနင်္ဂနွေနေ့)
အချိန်။ ။ နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ-- ရေစက်ချ တရားနာချိန် နေ့လည် ၁၂း၃၀(မလေးရှားစံတော်ချိန်)
နေရာ။ ။ ငြိမ်းချမ်းအေး ဓမ္မရိပ်သာကျောင်း (တမင်းဂျာရာ) No.20,Tkt2,Jin Medan Taming2, Taming Jaya, 43300, Seri Kambangan.

လမ်းညွန်။ ။ KL Mydan ရှေ့မှ 22 Metro Bus စီးပါ တမင်းဂျာရာ မှတ်တိုင်တွင် ဆင်းပါ KTMရထားစီး၍ Serdang ဘူတာတွင်ဆင်းပါ... U41စီး၍ တမင်းဂျာရာ မှတ်တိုင်တွင်ဆင်းပါ...

ဆက်သွယ်ရန်။ ။ဇော်မျိုးဌေး (၀၁၂၂၇၂၁၃၆၆) သန့်ဇင်မောင် (၀၁၇ ၈၇၅၅၉၄၁) ရဲနိုင်ဝင်း (၀၁၀ ၈၂၉၀၆၇၃) (ရပ်ဝေးမှာ နေထိုင်သော အသင်းဝင်များ အလှူရှင်များနှင့် ရန်ကုန်STA စင်္ကာပူ STA အသင်းဝင်များ စိတ်ပါဝင်စား သူများ မည်သူမဆို ၃နှစ်ပြည့်ပွဲ အစီအစဉ် အား http://www.malaysiaonlineradiomedia.com တွင် တိုက်ရိုက်( Live)ကြည့် ရှုနိုင်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။

အထက်ပါ STA ၃နှစ်ပြည့် အလှူပွဲ ၃ရက် ၂လ ၂၀၁၃ခုနှစ် (တနင်္ဂနွေနေ့) နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ အခမ်းအနား အစီအစဉ် အတွက် ကျွန်တော်များ မီဒီယာ ဝဘ်ဆိုဒ်တွင် ရုပ်သံဖြင့် လိုက်ဖ်လွှင့်တင် ပေးသွားမည် ဖြစ်ပါသည်။ 

(နေဇော်လင်း ၊ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။