Home » , , » စင်ကာပူ နိုင်ငံ ဆေးရုံကြီး များ၌ ဆေးဝါး ကုသမှု ခံယူ လိုသူများ အခမဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိ

စင်ကာပူ နိုင်ငံ ဆေးရုံကြီး များ၌ ဆေးဝါး ကုသမှု ခံယူ လိုသူများ အခမဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိ

Written By မောင်စေတနာ on Thursday, January 3, 2013 | 2:10:00 PM



 မြန်မာဇာကွန် ကုမ္ပဏီ လီမိတက်သည် စင်ကာပူ နိုင်ငံရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးများရှိ အမျိုးသား နှလုံးဌာန၊ အမျိုးသား ကင်ဆာ ဌာနနှင့် အမျိုးသား မျက်စိဌာနတို့တွင် (Medical Associate) များ ခန့်အပ်ထားပြီး အဆိုပါ ဆေးရုံကြီး များသို့ မြန်မာ နိုင်ငံ မှ ဆေးဝါး ကုသမှု ခံယူလိုသော လူနာနှင့် မိသားစု ဝင်များအတွက် အခမဲ့ ဝန်ဆောင်မှုများ ပေးလျက် ရှိကြောင်း မြန်မာဇာကွန် ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အခမဲ့ ဝန်ဆောင်မှုများ အဖြစ် ဆေးရုံကြီး များတွင် အထွေထွေ စုံစမ်းမေးမြန်း သူများအား ဖြေကြားပေးခြင်း၊ တည်းခို နေထိုင်မှု အဆင်ပြေ ချောမွေ့စေရန် စီစဉ်ပေးခြင်း၊ ခရီးသွားလာ ရေးအတွက် ဝန်ဆောင်မှု ပေးခြင်း၊ ဗီဇာ လျှောက်ထားပေးခြင်း၊ လူနာတင်ယာဉ် စီစဉ်ပေးခြင်း၊ စကားပြန် လိုအပ်လျှင် စီစဉ်ပေးခြင်း၊ ဧည့်သည်များ အတွက် ဆေးကုသမှုနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များ ထုတ်ပေးခြင်း၊ လိုအပ်ပါက မြန်မာနိုင်ငံမှ လူနာများ အတွက် စင်ကာပူ လေဆိပ် ကြို/ပို့ စီစဉ် ဆောင်ရွက်ပေးခြင်း၊ ဆရာဝန် ရက်ချိန်း ယူပေးခြင်း၊ လူနာလွှဲ ပြောင်းပေးခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။ 

ထို့ပြင် မြန်မာ နိုင်ငံရှိ လူနာရှင်များ အနေဖြင့် အထူးကု ဆရာဝန် တစ်ဦးဦးနှင့် တိုင်ပင် ဆွေးနွေးလိုလျှင် ဖက်စ်သို့မဟုတ် အီးမေးလ်တို့ဖြင့် ဆေးမှတ်တမ်း များကို စင်ကာပူ ဆေးရုံကြီး များသို့ ကြိုတင် ပေးပို့၍ အကြံဉာဏ်များ ခံယူရရှိ နိုင်ရန် စီစဉ်ပေးလျက် ရှိသည်။ အသေးစိတ် သိရှိ လိုပါက ရန်ကုန် တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ် ဗိုလ်အောင် ကျော်လမ်းရှိ မြန်မာဇာကွန် ကုမ္ပဏီ လီမိတက် ဖုန်း-ဝ၁-၃၇၄၆၇၆ နှင့် ဝ၁-၂၂- ဝ၁၄ဝ တို့သို့ စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။ 

Source by :မြဝတီ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။