Home » , , » အမေရိကန် မောင်းသူမဲ့ လေယာဉ် တပ်ဖြန့်ရန် ဂျပန်စီစဉ်

အမေရိကန် မောင်းသူမဲ့ လေယာဉ် တပ်ဖြန့်ရန် ဂျပန်စီစဉ်

Written By မောင်စေတနာ on Thursday, January 3, 2013 | 2:15:00 PM



တရုတ် အစိုးရပိုင် သင်္ဘော သုံးစင်းသည် ဂျပန် နိုင်ငံနှင့် အငြင်းပွား လျက်ရှိသော အရှေ့ တရုတ် ပင်လယ် ဝန်းကျင်မှ ရေပိုင်နက် အတွင်းသို့ ဒီဇင်ဘာ ၃၁ ရက်က ဝင်ရောက်ခဲ့ သည်ဟု ဂျပန်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့မှ ပြောကြား ခဲ့သည်။ 

ယင်းသင်္ဘောများ အနက် တစ်စင်းသည် အငြင်းပွား ပိုင်နက် အတွင်းရှိ ကျွန်းသို့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်ခန့်က ဝင်ရောက်ခဲ့ပြီး မိနစ် ၂ဝ အကြာတွင် ဒုတိယ မြောက် သင်္ဘောတစ်စင်း ထပ်မံဝင်ရောက် လာခဲ့ခြင်း ဖြစ် သည်။ အလားတူ တတိယ သင်္ဘော သည် ဂျပန် နိုင်ငံက ၄င်းတို့ပိုင်ဟု ကြေညာထားသည့် ကျွန်းစုများ အနီးသို့ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း ကမ်းခြေစောင့် တပ်က ထပ်လောင်း ပြောကြား ခဲ့သည်။ 

အဆိုပါ သင်္ဘောများကို ကမ်းခြေစောင့် ကင်းလှည့် လေယာဉ်မှ တွေ့ရှိခဲ့ ပြီးနောက် အဆိုပါ ရေပိုင်နက် အတွင်းသို့ ဂျပန်ကင်းလှည့် သင်္ဘော စေလွှတ်ရန် အာဏာပိုင် များက စီစဉ် ခဲ့သည်။ ထို့အပြင် ဂျပန် အစိုးရသည် အငြင်းပွား လျက်ရှိသော ကျွန်းစုပေါ်သို့ အမေရိကန်လုပ် မောင်းသူမဲ့ အဝေးထိန်း ကင်းထောက် လေယာဉ်များ တပ်ဖြန့်ရန် အတွက် စီစဉ်လျက် ရှိသည်။ 

တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ အကြား အငြင်းပွားလျက် ရှိသည့် ကျွန်းစု အနီးရှိ ရေပိုင်နက် အတွင်း၌ လုံခြုံရေး တိုးမြှင့်ရန် အတွက် "Global Hawk" မောင်းသူမဲ့ လေယာဉ်ကို စတင် တပ်ဖြန့်ရန် စီစဉ်လျက် ရှိသည်ဟု ဂျပန်နိုင်ငံ ကာကွယ်ရေး ဌာနမှ ယမန်နေ့က ပြောကြား ခဲ့ကြောင်း "Kyodo News" သတင်းစာ၏ ဖော်ပြ ချက်အရ သိရသည်။ 

Source by :မြဝတီ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။