Home » , » ကညနမှ ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်း ပြီး စာရင်းထုတ်ပြန်ကြေညာ

ကညနမှ ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်း ပြီး စာရင်းထုတ်ပြန်ကြေညာ

Written By မောင်စေတနာ on Tuesday, January 1, 2013 | 10:22:00 AM



ကညနမှ ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်းပြီး စာရင်းထုတ်ပြန်ကြေညာကညနသို့ ဒီဇင်ဘာ ၁၈ရက် အထိ လာရောက် ဖျက်သိမ်း ပြီးသော ယာဉ်အို၊ ယာဉ်ဟောင်း စာရင်း များမှာ စီးရေ ၇၈၃၄၂ စီးရှိကြောင်း ထုတ်ပြန် ချက်များ အရ သိရသည်။ ထိုစီးရေများထဲတွင် လူစီး ယာဉ်မှာ အများဆုံးဖြစ်ကြောင်း သိ ရပြီး အစီးရေ ၇၁၉၂၅ စီးရှိသည် ဟုဆိုသည်။ 

ယင်းအထဲတွင် ကုန် တင်ယာဉ်မှာ ၆၉၉၀၃ စီး၊ ခရီးသည် တင်ယာဉ် ၁၅၁၁စီးရှိသည်ဟု သိ ရသည်။ ယင်းသို့ လူစီးယာဉ်ဖျက် သိမ်းစာရင်းများ ထုတ်ပြန်ရာတွင် ယာဉ်ဟောင်းအစားထိုး လဲလှယ်မည့် အစီအစဉ်မစတင်မီက မျှော်မှန်းထားသည့် စီးရေ ၅၀ဝ၀ဝ ထက်ပင် ကျော်လွန်သွားသည်ဟု သိရသည်။ 

ထို့ပြင် ဒီဇင်ဘာ ၁၄ရက်တွင် အ ကောက်ခွန်ဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များအရ အစားထိုးလဲလှယ်စီမံ ချက်ဖြင့် တင်သွင်းလာသည့် မော် တော်ယာဉ်စီးရေ ၅၉၃၇၉ စီး ကား အရောင်းပြခန်းမှ တင်သွင်းလာသည့် စီးရေ ၂၄၃၉၂ စီး၊ သင်္ဘောသား ပါမစ်ဖြင့် တင်သွင်းလာသော မော် တော်ယာဉ် ၂၈၇၂ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းလာ သော စီးရေ ၂၇၈ စီး ကုမ္ပဏီပါမစ် ၇၀ဝစီးစသဖြင့် အသီးသီးရှိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ယာဉ်ဟောင်း အပ်နှံ ရန် ရှားပါးလာခြင်းကြောင့်လည်း လက်ရှိကျင့်သုံးလျက်ရှိသော မူဝါဒ ကို တစ်ဆင့်ဖြေလျှော့ပေးနိုင်ရန် အတွက်လည်း မော်တော်ယာဉ်လုပ် ငန်းရှင်များမှ စောင့်မျှော်လျက်ရှိသည် ဟု သိရသည်။ ယာဉ်ဟောင်းအပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်း စလစ် နည်းပါးလာခြင်း၊ စလစ်ဈေးနှုန်းမြင့် မားလာခြင်းနှင့် ကားဝယ်ယူရန်အ တွက်ပါ စိတ်ဝင်စားမှုနည်းပါးလျက် ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်း ရှင်များထံမှတစ်ဆင့် သိရသည်။ 

Source by :ရိုးရာလေး
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။