Home » , , » မလေးရှားနိုင်ငံ ကေအယ်ကွာလာလမ်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

မလေးရှားနိုင်ငံ ကေအယ်ကွာလာလမ်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

Written By မောင်စေတနာ on Wednesday, January 2, 2013 | 12:46:00 AM



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်မြို့ရှိ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များမှ ဦးစီးကျင်းပသော ဆဋ္ဌမ အကြိမ်မြောက် စာပေ ဟောပြောပွဲ အစီအစဉ်ကို ၁.၁.၂၀၁၃ အင်္ဂါနေ့တွင် ကေအယ်ရှိ SM ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

စာပေဟောပြောပွဲ အစီအစဉ်ကို နေ့လည် ၁၂ နာရီအချိန်တွင် နိုင်ငံတော် သီချင်းအား စုပေါင်းသီဆိုခဲ့ပြီး အခမ်းအနားကို စတင်ခဲ့ပြီး ယင်းနောက် တိုင်းရင်းသား ရိုးရာအကဖြင့် ကြွရောက်လာသော စာပေမြတ်နိုးသူ မြန်မာများအား ဖျော်ဖြေတင်ဆက် ပေးခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာမ မစန္ဒာမှ " ဝတ္ထု တစ်ဗုဒ်ဖန်တီးခြင်း " ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စာရေးနည်း စာဖတ်နည်းနှင့် စာပေ သုတ ရသများအပြင် ဆရာမစာရေးခဲ့သော စာအုပ်စာပေစသည့် အရာများကို ဟောပြောပေးခဲ့သည်။ 

နေ့လည် ၁နာရီခွဲ့ အချိန်တွင် ဆရာမ မစန္ဒာ ၏ဟောပြောမှုအပြီး နှစ်သစ်ကူး အစီအစဉ် အနေဖြင့် ရှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေ ခဲ့သည်။ ၎င်းနောက် ဆရာ ကျော်ရင်မြင့်မှ " ဘဝဇာတ်ခုံပေါ်မှ ခေတ်သစ်ပုံပြင် " ခေါင်းစဉ်ဖြင့် ဗဟုသုတ အကြောင်း အရာများကို ဟောပြောခဲ့ပြီး ယင်းနောက် ပထမပိုင်း ကံစမ်းမဲ ဖောက်ပေးခဲ့ကာ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ကိုသန့်ဇင်(ပုဂံနက်) မှ စာပေဟောပြောပွဲ အတွက် အစအရာရာ တာဝန်ယူ ကူညီပေးခဲ့သော သူများ အားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

ဆက်လက်၍ ဆရာ ခင်မောင်ညို (ဘောဂဗေဒ) ဟောပြောမည့် အစီအစဉ်တွင် ပထမဦးစွာ ဆရာမှ နှစ်ကိုယ်တူ ချစ်သမျှ သီချင်းကို ဆရာမ မြနဒီ နှင့်အတူ သီဆိုခဲ့ကာ ဟောပြောပွဲကို စတင်ခဲ့သည်။ ဆရာ ခင်မောင်ညိုမှ " အပြောင်းအလဲအား ရှာကြည့်ခြင်းနှင့် ဘေးမှရပ်ကြည့်သူ၏ အမြင် " ခေါင်းစဉ်ဖြင့် သုတရသ အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။ 

ယင်းနောက် ဒုတိယပိုင်း ကံစမ်းမဲ အစီအစဉ်ကို စတင်ခဲ့ပြီး ကံစမ်းမဲ အစီအစဉ်တွင် ဟမ်းဖုန်း ၊ အိုင်ပက် ၊ တီရှပ် ၊ အင်္ဂလိပ်စာ ဖရီးသင်တန်း လက်မှတ် အမ်ပီသရီး နှင့် အခြား လက်ဆောင်များကို ကံစမ်းမဲ ဖောက်ပေး ခဲ့ပါသည်။

ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲ အစီအစဉ်ကို ရောက်ရှိလာသော စာပေမြတ်နိုးသူများအား ဆာမူဆာ ၊ လက်ဖက်ရည် ၊ လက်ဖက်ထမင်း ၊ ဒံပေါက် ၊ သောက်ရေသန့် စသည့်များကို ကျွေးမွေးခဲ့သည်။

ကေအယ် စာပေဟောပြောပွဲတွင် နှလုံးလှ ပရဟိတ သွေးလှူရှင်အဖွဲ့ နှင့် ကပုန်း (၇) ရက်သားသမီးများ နာရေး ကူညီမှုအသင်း ၊ Save The Aged အသင်းမှ လူငယ်များက တက်ညီလက်ညီနဲ့ လိုအပ်သော ဝေယျာဝစ္စကိစ္စတွေကို ကုသိုလ်အဖြစ် လာရောက် ကူညီပေးကြခဲ့ပြီး ညနေ ၆ နာရီခွဲ အချိန်တွင် " နိုင်ငံတကာ ရင်သွေးငယ်များ " သီချင်းဖြင့် စုပေါင်း သီဆိုကြကာ အခမ်းအနား အစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။ 









နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။