Home » , , » နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ တစ်နှစ်ပြည့် (စတုတ္ထအကြိမ်) သွေးလှူဒါန်းပွဲနှင့် ဟောပြောပွဲကျင်းပ

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ တစ်နှစ်ပြည့် (စတုတ္ထအကြိမ်) သွေးလှူဒါန်းပွဲနှင့် ဟောပြောပွဲကျင်းပ

Written By မောင်စေတနာ on Sunday, January 13, 2013 | 5:49:00 PM



မလေးရှားနိုင်ငံ ကေအယ်တွင် တည်ရှိသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ တစ်နှစ်ပြည့် အထိမ်းအမှတ်(စတုတ္ထအကြိမ်) သွေးလှူဒါန်းပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို ကေအယ်ရှိ SM ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ သွေးလှူဒါန်းမှုများကို နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများမှ လာရောက်လှူဒါန်းသော သွေးများကို မလေးရှားနိုင်ငံ ယူနီဗာစိတီဆေးရုံမှ ဆရာ ဆရာမများမှ လိုအပ်သော အရာများကို သေချာစစ်ဆေးပြီး လက်ခံမှု ပြုခဲ့သည်။ 

 ဟောပြောပွဲ အခမ်းအနားကို ၁၂ နာရီအချိန်တွင် စတင်ခဲ့ကာ ၎င်းအစီအစဉ်တွင် ပထမဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး သွေးလှူရှင် ဥက္ကဌ ကိုသက်မှ အဖွင့်အမှာစကားကို ပြောကြားခဲ့ကာ ယင်းနောက် ဘဏ္ဍာရေးမှူး ကိုအော်စကာမှ အလှူရှင်များ လှူဒါန်းထားသော ဘဏ္ဍာငွေစရင်း ရှင်းတမ်းကို အသေးစိပ် ရှင်းလင်းတင်ပြခဲ့သည်။ 

၎င်းနောက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့၏ တစ်နှစ်တာ လုပ်ဆောင်ချက် ပရဟိတကိစ္စများကို ဗီဒီယိုရုပ်သံဖြင့် အကျဉ်းချုပ်ပြသခဲ့ပြီး တစ်နှစ်ပြည့် အခမ်းအနားအတွက် ရန်ကုန်နာရေးကူညီမှု အသင်းကြီး ဥက္ကဌဖြစ်သူ ဦးကျော်သူ နှင့်ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်)တို့၏ အမှတ်တရ ပို့ပေးလာသော ရုပ်သံဖိုင်ကို ဖွင့်ပြခဲ့သည်။ 

ဆရာမကြီး ဒေါက်တာ ဒေါ်စီလေးခိုင်၏ ကိုယ်ရေးအကျင်းကို ဆရာမ မနွေးနွေးလှိုင်မှ ဖတ်ကြားပေးပြီး ဆရာမကြီး ဒေါက်တာ ဒေါ်စီလေးခိုင်၏ မှ " အသက်လေးရယ် ရှည်စေလို " စသည့်ခေါင်းစဉ်ဖြင့် ကြွရောက် လာကြသော ရွှေမြန်မာများ ဗဟုသုတရစေရန် အတွက် အသိပေး ဟောပြောခဲ့သည်။ 

ဆက်လက်၍ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဒုဥက္ကဌ ကေအယ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ နာယက ဖြစ်သူ ဆရာမကြီး ဒေါ်သန်းမြင့်အောင်၏ ကိုယ်ရေးအကျင်းကို မစိမ်းမို့မို့(သတင်းကွန်ယက်)မှ ဖတ်ကြားပေးပြီး ဆရာမကြီး ဒေါ်သန်းမြင့်အောင်မှ " ဘဝပုံရိပ်များ " ခေါင်းစဉ်ဖြင့် ပရဟိတ စိတ်ဓာတ်များအကြောင်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ဟောပြောပေးခဲ့သည်။ 

 သွေးလှုပွဲအတွက် အဖက်ဖက်မှ လာရောက် ကျွေးမွေး လှူဒါန်းကြသော သူများအတွက် ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ကိုစိုးဝင်းမှ ယနေ့သွေးလှုပွဲအတွက် အဖက်ဖက်မှ ကူညီဆောင်ရွက် လှူဒါန်းပေးကြသော မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ပရဟိတအသင်း ၊ အစားအသောက်လှူဒါန်းကြသော အလှူရှင်များကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ညနေ ၅ နာရီအချိန်တွင် မန်းတောင်ရိပ်ခို သိချင်းကို စုပေါင်းသီဆိုကြပြီး အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။ 

 မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကို ၁၃.၁.၂၀၁၂ နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ လှုပ်ရှားမှုအနေဖြင့် ပထမကြိမ် သွေးလှူဒါန်းမှု (၁၀၄) ဦး ၊ ဒုတိယအကြိမ်တွင်(၁၅၆)ဦး တတိယအကြိမ်(၂၈၁)ဦးနှင့် ယခုစတုတ္ထအကြိမ်(၄၃၁)ဦးမှ လာရောက်၍ သွေးလှူဒါန်းမှုများကို ပြုခဲ့သည်။ ၎င်းအပြင် ကျန်းမာရေး စောင့်ရေးစောင့်ရှောက်မှု (၂၄)ခု ၊ နာရေး (၂၂)ခု စသည့်များကို တစ်နှစ်တာအတွင်း ပရဟိတ စိတ်ဓာတ် အပြည့်ဖြင့် အားတက်သရော လုပ်ဆောင်ပေးလျက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအတွက် အကျိုးပြုနေသော အဖွဲ့အစည်းဖြစ်သည်။ 




နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။