Home » , » တိုင်ကြားသည်ကို အရေးမယူပါက အရေးမယူသည့် ဌာနကိုပါ အရေးယူမည်

တိုင်ကြားသည်ကို အရေးမယူပါက အရေးမယူသည့် ဌာနကိုပါ အရေးယူမည်

Written By မောင်စေတနာ on Saturday, January 26, 2013 | 9:45:00 AM


ခရီးသွားပြည်သူများအနေ ဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များက မခြေမငံဆက်ဆံခြင်း၊ ရိုင်းပြစွာပြောဆိုနေခြင်းများကို တိုင်ကြားလာသော်လည်း တိုင် ကြားခံရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား အရေး ယူဆောင်ရွက်ပေးခြင်းမရှိပါက တိုင်ကြားခဲ့သည့် ဖုန်းနံပါတ်၊နေ့ ရက်၊ အချိန်ဌာနပါဖော်ပြ၍ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်အပြင် တိုင်ကြားခဲ့သည်ကို အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့် ဌာန ကိုပါ တိုင်ကြားနိုင်ကြောင်း ဇန် န၀ါရီ ၂၄ရက်ကပြုလုပ်ခဲ့သော မီဒီယာများနှင့် မထသ ဗဟိုတွေ့ ဆုံပွဲတွင်တာဝန်ရှိသူ တစ်ဦးကပြော ကြားသည်။

 ““ဒါကို အဘတို့ဆီကို ဖုန်းနဲ့ လည်း တိုင်တယ်။ စာနဲ့လည်းတိုင် တယ်။အဲဒါတွေအားလုံးကို အဘ တို့ မထသဗဟိုကနေ ထိရောက် စွာအရေးယူဆောင်ရွက်ပေးနေ တယ်။အဓိကအဖြစ် အဘတို့ဆီ က အတွင်းရေးမှူးကိုတာဝန်ပေး ပြီးတော့ အဲလိုတိုင်တာတွေ အား လုံးကိုဖြေရှင်းပေးနေတယ်။ခရီး သွားပြည်သူတွေတိုင်တဲ့အတိုင်းပဲ အဘတို့ကထိရောက်စွာအရေးယူ ပေးနေတယ်။ အဘတို့ မထသ Website ကနေလည်း ဓာတ်ပုံနဲ့ တကွတိုင်နိုင်တယ်။ 

တစ်ခုပဲရှိတယ် ခရီးသွားပြည်သူတွေအပေါ်ကို ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် တွေက ဒီလိုဆက်ဆံတယ်။ ဒါကို တိုင်ကြားခံရတဲ့ဌာနက ယာဉ် မောင်းနဲ့ယာဉ်နောက်လိုက်ကိုပါ အရေးမယူဘူး ဆိုရင် တိုင်ကြားတဲ့ ဌာနကိုပါဖော်ပြပြီး အဘတို့ မထသဗဟိုကိုဆက်တိုင်ပါ ဒါကို ထိရောက်စွာအရေးယူဆောင်ရွက် ပေးသွားမယ်””ဟု ပြောကြားခဲ့ သည်။ 

ခရီးသွားပြည်သူများကို ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များ က မချေမငံဆက်ဆံခြင်း၊ ရိုင်းပြစွာ ပြောဆိုခြင်းများပြုပါက တိုင်ကြား နိုင်ရန်အတွက် ဖုန်းနံပါတ်များကို ယာဉ်လိုင်းအသီးသီးရှိ ယာဉ်များ တွင်ရေးသားဖော်ပြထားကြောင်း သိရသည်။ 

ဖြိုးအောင်
Source by :The Hot News
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။