Home » , » လက်ပံတောင်းတောင် သပိတ်စခန်းများတွင် ဒဏ်ရာရခဲ့သော ရဟန်းရှင် လူအပေါင်းတို့အား ဆေးဝါးကူညီမှုအတွက် ဒုတိယအကြိမ် အလှူတော်ငွေ (၂၁) သိန်းလှူဒါန်း

လက်ပံတောင်းတောင် သပိတ်စခန်းများတွင် ဒဏ်ရာရခဲ့သော ရဟန်းရှင် လူအပေါင်းတို့အား ဆေးဝါးကူညီမှုအတွက် ဒုတိယအကြိမ် အလှူတော်ငွေ (၂၁) သိန်းလှူဒါန်း

Written By မောင်စေတနာ on Monday, December 10, 2012 | 3:52:00 PM

one ရင်းဂစ် ဒါနပျိုးခင်း အသင်းနှင့် စေတနာရှင် အပေါင်းတို့မှ အလှူတော်ငွေ မလေးရှားရင်းဂစ် RM-7353 မြန်မာငွေ-(၂၀) သိန်း၊  

Korea and Pan Cafe စားသောက်ဆိုင်တွင် အလုပ် လုပ်ကိုင်နေကြသော စေတနာရှင် ရွှေမြန်မာ ညီကိုမောင်နှမများမှ အလှူတော်ငွေ မလေးရှားရင်းဂစ် RM-368 မြန်မာငွေ-(၁) သိန်း၊ 

မုံရွာမြို့လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်ထိခိုက်ဒဏ်ရာရရှိကြသဖြင့် ဆေးကုသမူခံယူနေကြသော သံဃာတော်အရှင်မြတ်များ အတွက် ယနေ့ ၉.၁၂.၂၀၁၂ တနင်္ဂနွေနေ့တွင် စရိယာရာမကျောင်းသို့လာရောက်ကာ လှူဒါန်းကြသော အလှူရှင်များမှာ one ရင်းဂစ် ဒါနပျိုးခင်း အသင်းနှင့် စေတနာရှင် အပေါင်းတို့မှ အလှူတော်ငွေ မလေးရှားရင်းဂစ် RM-7353 မြန်မာငွေ-(၂၀) သိန်း၊ Korea and Pan Cafe စားသောက်ဆိုင်တွင် အလုပ် လုပ်ကိုင်နေကြသော စေတနာရှင် ရွှေမြန်မာ ညီကိုမောင်နှမများမှ အလှူတော်ငွေ မလေးရှားရင်းဂစ် RM-368 မြန်မာငွေ-(၁) သိန်း၊ ကိုအောင်ဇံထွန်း-RM 100၊ မောင်ကျော်စိုးနွယ်-RM 50 စုစုပေါင်း အလှူတော်ငွေ (၂၁) သိန်းကျော်ကို အလှူခံရရှိပါကြောင်း စေတနာရှင်အပေါင်းတို့အား အသိပေးအပ်ပါသည်။

မှတ်ချက်=၂.၁၂.၂၀၁၂ တနင်္ဂနွေနေ့တွင် ကိုနေမျိုးဇင်ထံသို့ (၂၃) သိန်း ပေးပို့လှူဒါန်းခဲ့သလို၊ ယနေ့ ၉.၁၂.၂၀၁၂ တနင်္ဂနွေနေ့တွင်လည်း စေတနာရှင်တို့ စုပေါင်း အလှူတော်ငွေ (၂၁) သိန်းကို ကိုနေမျိုးဇင်ထံသို့ပင် ပေးပို့၍ စုစုပေါင်း (၄၄) သိန်းတိတိကို ဒဏ်ရာရရဟန်းတော်များထံ လှူဒါန်းနိုင်ခဲ့ပါပြီ)
                                                                         
  ဆရာတော် ဦးစရိယ
                                                                            စရိယာရာမကျောင်း (၉.၁၂.၂၀၁၂)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။