Home » » မြန်မာနိုင်ငံရှိ မိုဘိုင်း အင်တာနက်သုံးစွဲသူများ သိရှိစေရန်

မြန်မာနိုင်ငံရှိ မိုဘိုင်း အင်တာနက်သုံးစွဲသူများ သိရှိစေရန်

Written By မောင်စေတနာ on Monday, December 10, 2012 | 1:56:00 PM


MPT က ၂၀၁၃ ခုနှစ်မှစပြီး မိုဘိုင်း Internet ကြေးကို အင်တာနက် Data သုံးစွဲနှုန်းနဲ့ ကောက်ခံတော့မှာဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ မှာ အဲဒီစနစ်သစ်နဲ့ စတင် ကောက်ခံဖို့လုပ်ခဲ့ပေမယ့် 100 KB ကို ၁ ကျပ်နဲ့ကောက်ခံမည်ဟု ကြေညာလိုက်ရာ ဈေးနှုန်းကြီးမြင့်ခြင်း အများပြည်သူက လက်မခံ သောကြောင့် အချိန်တစ်လ ရွှေ့ဆိုင်းခဲ့ရပါသည်။ 

ထိုစဉ်ကြ မန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြည်သူများ ယခင်ထက် ပိုမို သက်သာသော အင်တာနက် ဈေးနှုန်း လုပ်ပေးလို၍ဖြစ်သည် ဟုဆိုထားခြင်းကြောင့် အများပြည်သူများ တောင်းဆိုသင့်သော မိုဘိုင်း အင်တာနက်ကြေးမှာ 1 MB လျှင် ၁ ကျပ် ဖြစ်ပါသည်။ 

1 MB လျှင် ၁ ကျပ်နှုန်းဖြင့်သာကောက်ခံမည်ဆိုပါက ပြည်သူရော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရော နှစ်ဦးနှစ်ဘက်မျှတ မည်ဟု ထင်ပါသည်။ မြန်မာ့ ဆက်သွယ်ရေးမှ ကောက်ခံ သင့်သောနှုန်းထား 1 MB - ၁ ကျပ် 10 MB - ၁၀ကျပ် 1 GB -၁၀၂၄ ကျပ် အထက်ပါ ဈေးနှုန်းမှာ လူနေမှုအလွှာ ပေါင်းစုံမှ မြန်မာပြည်သူများ သုံးစွဲနိုင်ရန်အတွက် အသင့်တော်ဆုံး ကောက်ခံသင့်သော ဈေးနှုန်းဖြစ်ပါ၍ Data သုံးစွဲနှုန်း 1 MB လျှင် ၁ကျပ်နှုန်းဖြင့် ကောက်ခံသင့်ပါသည်။ 

 မြန်မာပြည်သူများမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ 1MB လျှင် ၁ကျပ်နှုန်းဖြင့် ကောက်ခံရန်ဝိုင်းဝန်း တောင်းဆိုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ (မိုဘိုင်းအင်တာနက် ဈေးနှုန်းများ သက်သက်သာသာနှင့်သုံးစွဲကြဖို့ ၀ိုင်းဝန်း တောင်းဆိုရန် ယခုပို့စ်ကို share ပေးကြရန် လိုအပ်ပါသည်) 

Source by :Credit To Myanmar Mobile App Store
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။