မွေးနေ့ အမှတ်တရ အင်တာဗျူးများကို အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်လေ့ ရှိတဲ့အပြင် အတွေးအမြင် အသစ်တွေကို စာဖတ်သူတို့ ရရှိစေဘို့ရာ အချိန်နဲ့ တစ်ပြေးညီ သတင်း သုတ ရသစုံလင်စွာတို့ကို ရေးသားတင်ပြပေးတဲ့ ဒီဇင်ဘာလ ၇-ရက်နေ့ရဲ့ မွေးနေ့ရှင် ‘မောင်နေဇော်လင်း’အတွက် အမှတ်တရ လက်ဆောင် အနေနဲ့ ကျမဖတ်ဘူးတဲ့ အက္ခရာရှစ်လုံးကို မွေးနေ့ရှင်နဲ့အတူ အားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပညာပြည့်ဝ နှလုံးလှဖို့
သုတဖြာဖြာ ရလိုပါမူ
မြဲစွာသတိ လုံလရှိလျက်
စာကြည့်စာစု အစဉ်ပြု၍
သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ
အက္ခရာစွဲသုံး ဤရှစ်လုံးကို
သီကုံးပန်းသွင် နေ့တိုင်းဆင်လော့။
သု = သုဏေယျ၊ ကြားနာရာ၏။
စိ = စိႏၲယ်၊ ႀကံရာ၏။
ပု = ပုစ္ဆေယျ၊ မေးမြန်းရာ၏။
ဘာ = ဘာသေယျ၊ ပြောဆိုရာ၏။
ဝိ = ၀ိစာရေယျ၊ စူးစမ်းဆင်ခြင်ရာ၏။
လိ = လိက္ခေယျ၊ ရေးမှတ်ရာ၏။
သိ = သိက္ခေယျ၊ လေ့ကျင့်ရာ၏။
ဓာ = ဓာရေယျ၊ နှုတ်တက်ဆောင်ရာ၏။
မွေးနေ့ရှင်နဲ့အတူ စာဖတ်သူများ ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာ သုခနဲ့ပြည့်ဝကြပါစေ။
ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာ ရက်မြတ်လေးဖြစ်ပါစေ ....
မေတ္တာဖြင့်
အန်တီတင့်
မွေးနေ့ရှင်မောင်နေဇော်လင်းရဲ့ လင့်ခ်လေးကတော့ http://www.nayzawlin.com ဖြစ်ပါတယ်။
Source by :အန်တီတင့်
0 comments:
Post a Comment