မွေးနေ့ဆိုတာမင်္ဂလာ တစ်ပါးပဲပေါ့
သားချော့တေးလေးနဲ့အမေ့ရင်နွေးနွေးမှာ
ပထမဆုံးထွေးပွေ့ခံခဲ့ရတဲ့နေ့လေ
မေတ္တာတွေတပုံတပင်နဲ့ကမ္ဘာတစ်ခွင်မှာ
"ဒါ ငါ့သား ဟဲ့ "လို့အမေ့အသံတိတ်
ကြွေးကြော်သံနဲ့အတူ
လူတွေထဲမှာ
လူတစ်ယောက် အဖြစ်နှင်းအပ်ပေးခဲ့တယ်။။
ချစ်ညီလေးရေ...
အခုဆို မင်းရဲ့ ( ၂၅ )နှစ် မြောက်မွေးနေ့ရောက်ခဲ့ပေါ့
လူလားမြောက်အောင်ပြုစုပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ကျေးဇူးကို
မင်း အသိတရားမှာ လန်းဆန်းအောင်မွေးမြူထားပါကွာ
လူလားမြောက်အောင်ပြုစုပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ကျေးဇူးကို
မင်း အသိတရားမှာ လန်းဆန်းအောင်မွေးမြူထားပါကွာ
မွေးနေ့ကိုပျော်ပွဲ ရွှင်ပွဲတစ်ခုလောက်ပဲ မမှတ်လိုက်နဲ့ညီ
ယုံကြည်ရာ ဘာသာတရားရဲ့အဆုံးအမနဲ့ အတူ
မင်းစိတ်ကိုဖြူစင်နေအောင် ဆေးကြောထားဖို့မမေ့နဲ့ဦး...။
ချစ်ညီလေးရေ...
မင်းလေ့လာနေတဲ့ပညာရပ်နဲ့
မင်းဖြန့်ဝေနေတဲ့ နည်းပညာ
မင်းဖြန့်ဝေနေတဲ့ နည်းပညာ
နှစ်လွှာကြားမှာ
ချိန်ခွင်လျှာ ညီအောင် ထိန်းမတ်ရင်း
ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့အတူ ဘ၀ကိုဖြတ်သန်းနိုင်ဖို့
ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့အတူ ဘ၀ကိုဖြတ်သန်းနိုင်ဖို့
ဒီဇင်ဘာနှင်းတို့နဲ့အတူ ဆုတောင်းပေးလိုက်တယ်..။
ယနေ့မှစ၍ အသက်ရှင်နေသမျှ ခရီးလမ်းမှာ" နေဇော်လင်း "ဆိုတဲ့ နာမည်တစ်ခုကို
ကောင်းမွန်အောင် ထိန်းသိမ်းနိုင်ပါစေလို့ ဆန္ဒပြု ဆုခြွေပါတယ် ညီ..
အေးမြပါစေ အချိန်တိုင်းပါပဲ...။
0 comments:
Post a Comment