မလေးရှားနိုင်ငံသို့ ဓမ္မပူဇာ အစီအစဉ်ဖြင့် ရောက်ရှိနေသော ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) သည် ယနေ့နေ့လည် ၁၁ နာရီအချိန်တွင် No 4, Jalan 6/21, Section 6, 46000,Petaling Jayaရှိ စရိယာရာမ ဆန်းဒေးစကူးကျောင်းသို့ ကြွရောက်ခဲ့ပါသည်။
ယင်းနောက် နေ့လည်ဆွမ်းကို ၁၁ နာရီခွဲတွင် ဘုဉ်းပေးပြီး နေ့လည် ၁၂ ခွဲနာရီအချိန်တွင်
ဆရာတော်မှ ဒါယိကာ ဒါယိကာမများအား တရားဒေသနာတော်ကို ချီးမြှင့်ခဲ့ပါသည်။
ပထမ ဦးစွာ ဓမ္မနဲ့ပက်သက်ပြီး သိရှိလိုသော အချက်များကို ဆရာမှ ဖြေပေးခဲ့ပြီး တရားတော် လာရောက်နာယူတဲ့ ဒါယိကာမတစ်ဦးမှ နေနည်း သေနည်းဆိုတဲ့ အကြောင်းအရာကို မေးလျောက်ရာ ဆရာတော်မှ တရားဟောကြားရာတွင် ဒါန သီလ ဘာဝနာ စတဲ့ နေနည်း သေနည်း တရားတော်ကို အသေးစိပ် ရှင်းပြ ဟောကြားချီးမြှင့်ခဲ့ပါသည်။
နေ့လည် ၁ နာရီခွဲ အချိန်တွင် တရားတော်ကို ရပ်နားခဲ့ပြီး စေတနာရှင်များမှ နဝကမ္မ ဝတ္ထုငွေကို လှူဒါန်းရာ ဆရာတော်၏ တပည့်မှ လက်ခံခဲ့ပါသည်။
ယင်းနောက် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုအား ဆရာတော်နှင့်အတူ ရေစက်သွန်းချ အမျှတန်း ဝေခဲ့ပါသည်။
တရားနာ ကြွရောက်လာသော ပရိတ်သတ်များအား
အကျွေးအမွေးဖြင့် ဧည့်ခံပြီး စရိယာရာမကျောင်း ဒါယိကာ ဒါယိကာမများမှ ဆရာတော် အရှင်ဆန္ဒာဓိက နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြကာ နေ့လည် ၁း၄၀ နာရီ အချိန်တွင် စရိယာရာမ ဆန်းဒေးစကူး ကျောင်းမှ ပြန်ကြွခဲ့သည်။
ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ မလေးရှားနိုင်ငံ ဓမ္မပူဇာ ခရီးစဉ်ကို ကြယ်စင်ပရဟိတ လူငယ်များ အဖွဲ့နှင့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်များ အဖွဲ့မှ ကူညီလုပ်ဆောင်ပေးလျက် ရှိနေပြီး မလေးရှားနိုင်ငံ၏ အထင်ကရ (ကေအယ်စီစီ ၊ ဗထူးဂိတ် ၊ ကန်သန်းဟိုင်းလင်း ၊ စမုံညှင်းစေတီတော် စသည့်) နေရာများသို့ လိုက်လံလိုက်ပို့ဆောင်မှု ပြုခဲ့ပါသည်။

နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment