ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ မုံရွာ ၊အမရပူရ ၊မိုးကုတ် ၊ စစ်ကိုင်း စသော မြို့များတွင် ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်သည် ။
စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များတွင် နေအိမ်အချို့ပြိုလဲမှုများရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
ငလျင်ကြောင့် အမရပူရရှိ စေတီအချို့ထီးတော်ယိုင်ခြင်း၊စိန်ဖူးတော်ပြုတ်ကျခြင်းများရှိကြောင်း မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။
အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။
ငလျင်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည် ။
0 comments:
Post a Comment