ကိုယ်ပိုင် website ဝန်ဆောင်မှုနှင့် လစဉ်ကြေး များကို Myanpayမှတစ်ဆင့် ပေးသွင်းနိုင်မည်ပြည်တွင်းရှိ Domain နှင့် Web Hosting ဝန်ဆောင်မှုနှင့် Virtual Private Serve(VPS) တို့၏ လစဉ်ကြေးများကို Myanpay မှ တစ်ဆင့် ပေး သွင်းနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများမှ ၂၇-၉-၂၀၁၂ ရက်တွင် သိရသည်။
World Wide Myanmar Co.,Ltd. မန်နေဂျင်း ဒါရိုက်တာ ဦးမင်းအောင်ကလည်း
“ကျွန်တော်တို့က မြန်မာပြည်တွင်းမှာ ဝက်ဘ်ဆိုက်တွေအတွက် Domain Name နဲ့ Web Hosting ဝန်ဆောင်မှုတွေကို လုပ်ပေးနေတာပါ။
ဒီလို လုပ်ပေးတဲ့ နေရာမှာ အသုံးပြုသူတွေ အနေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုတွေကို သုံးတဲ့အခါမှာ ရန်ကုန်ကဆိုရင်လည်း ရုံးမှာ ကိုယ်တိုင် ငွေလာ သွင်းရတာတွေ၊ နယ်ကဆိုရင်လည်း ဘဏ်က ငွေလွှဲရတာတွေ ရှိတယ်။ အဲဒီတော့ ဝန်ဆောင်မှုကလည်း ငွေကို လက်ခံပြီးမှ စပေးမှာဆိုတော့ အနည်းဆုံး တစ်ရက်တော့ အချိန်ကြာတာတွေ ရှိတယ်။
အခုဆိုရင် Myanpay စနစ်လာတော့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ထဲကို ဒီ myanpay online payment စနစ်ကို ထည့်သွင်းထားလိုက်မှာ ဖြစ်တယ်။ ဒီလိုလုပ်တဲ့အတွက် Domain နဲ့ Web Hosting တွေကို အမြန်ဆုံး ရရှိမှာ ဖြစ် ပါတယ်။ ငွေပေးချေမှု နောက်ကျလို့ ဝန်ဆောင်မှု နောက်ကျတာတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။
Source by :http://yoyarlay.com/
0 comments:
Post a Comment