Home » , , » Swinburne Universityမှ ပညာသင်ဆု သုံးခု လျှောက်ထားနိုင်

Swinburne Universityမှ ပညာသင်ဆု သုံးခု လျှောက်ထားနိုင်

Written By မောင်စေတနာ on Tuesday, October 23, 2012 | 12:12:00 AM


Swinburne University မှ ပညာသင်ဆုသုံးခု လျှောက်ထားနိုင် ဩစတြေးလျနိုင်ငံ၏ သက်တမ်း တစ်ရာ ကျော်ရှိပြီ ဖြစ်သည့် Swinburne University တွင် နိုင်ငံတကာမှ ကျောင်းသားပေါင်း ၇ç၅၀ဝ ကျော် တက်ရောက် လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွက် ပညာသင်ဆုများကို အ ကြောင်းအရာသုံးမျိုးဖြင့် ပေးအပ်သွား မည်ဖြစ်သည်။ 

စိတ်ပါဝင်စားသူများ အနေဖြင့် ယင်းပညာသင်ဆုသုံးမျိုး ထဲမှ မိမိတို့ပညာအရည်အချင်းနှင့် ကိုက်ညီမည့်အကြောင်းအရာကို ရွေး ချယ်လျှောက် ထားနိုင်မည်ဖြစ်သည်။ Swinburne University မှ ပေး အပ်မည့် ပညာသင်ဆုများမှာ Swinburne Pathway Academics Scholarships, Swinburne Postgraduate Coursework Scholarships, Swinburne Leadership Scholarships တို့ဖြစ်သည်။

 Swinburne Pathway Academics Scholarships အတွက် တက္ကသိုလ် သို့ပထမနှစ်မတက်ရောက်မီFoundation Level တက်ရောက်မည့် ကျောင်းသားများအတွက် ရည်ရွယ် ထားပြီး ထို Levelတွင်ပင့် Unilink Diploma ရရှိမည်ဖြစ်သည်။ Swinburne Postgraduate CourseworkScholarships အတွက်Postgraduate သို့တက်ရောက်ရန် အရည် အချင်းပြည့်မီ သည့်ကျောင်းသား များ လျှောက် ထားနိုင်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်မည့်Master Program များ တွင်လည်း အကျုံးဝင်မည်ဖြစ်သည်။ 

Swinburne Leadership Scholarships အတွက် ဘာသာရပ်လေးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ၄င်းဘာ သာများမှာ Accounting ? Biotechnology ? International Business or Marketing နှင့်ESifh Commercing တို့ဖြစ်သည်။ 

Swinburne University Of Technology သည် ဩ စတြေးလျ Victoria ပြည်နယ်၊Melbourne တွင် Hawthorn, Prahran, Lilydale, Wantira, Croydon စသည့်ဖြင့် Campus ငါးခုဖွင့်လှစ်ထား ပြီး ကျောင်း သားပေါင်းနှစ်သောင်း ။

Swinburne University နှင့်ပတ် သက်သည့် ပညာသင်ဆုများ အကြောင်း နှင့်အသေးစိတ်အချက်အလက်များကို www.swinburne.edu.au တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အမှတ် (၉၉)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ဝ၉ ၄၅၀ဝ၀၆၉၄၄၊ ဝ၉ - ၄၅၀ဝ၀၆၉ ၅၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် သည်။

 Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။