
(သေဆုံးသူ၏ ပတ်စပိုစ့်)
(အောက်တိုဘာ၂၂-ပူထာရာဂျာယာ)
၂၂.၁၀.၁၂ တနင်္လာနေ့ နံနက် ၆ နာရီခွဲ အချိန်တွင် မလေးရှားနိုင်ငံ ပူထာရာဂျာယာရှိ
လဝကရုံးရှေ့တွင် မြန်မာတစ်ဦး ရုတ်တစ်ရက် သေဆုံးသွားကြောင်း သိရှိရပါသည်။
အဆိုပါ သေဆုံးသူမှာ ကိုကျော်မိုး ဖြစ်ပြီး ကျန်းမာရေး မကောင်းသောကြောင့်
မြန်မာပြည်သို့ ပြန်မည့်အချိန် လိုအပ်သော စာရွက်စာတမ်း သွားရောက် ထုပ်ယူရန်အတွက်
မလေးရှား လဝကရုံးသို့ အသွား ရုံးရောက်ပြီး ၁၅ မီနစ်ခန့်အချိန်တွင် ဝှီးချဲပေါ် ထိုင်နေရင်း ရုတ်တရက်
ကွယ်လွန် သွားကြောင်း သိရှိရပါသည်။
အခုလို မြန်မာပြည်ပြန်မည့် အချိန်မှာ အခုလိုဖြစ်သွားတော့ အရမ်းဝမ်းနည်းမိပါတယ်။
ကျွန်မတို့မှာ သမီးလေးတစ်ယောက် ရှိပါတယ်။ ဒီသမီးလေးကို တွေ့ချင်လို့ ဒီနေ့မြန်မာပြည်ကို
ပြန်မလို့ လုပ်နေတာ မနက်က လဝကရုံးမှာ ပြန်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်နေတုန်းမှာ
အခုလို ရုတ်တစ်ရက် ကွယ်လွန်သွားတော့ ကျွန်မယောက်ကျားအတွက် စိတ်မကောင်းဘူး
အရမ်းဝမ်းနည်းမိပါတယ် ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မနွယ်နီမှ မလေးရှား အွန်လိုင်း
ရေဒီယို မီဒီယာသို့ ပြောသည်။

ကွယ်လွန်သူ ကိုကျော်မိုး (၂၉) နှစ် အလောင်းအား ပူထာရာဂျာယာ ဆေးစစ်ချက် လုပ်ဆောင်ပြီး
ဆေးရုံရေခဲတိုက်တွင် ထည့်ထားကာ နာရေးကိစ္စ သဂြိင်္ုလ်ရန်အတွက် လိုအပ်သောစာရွက် စာတမ်းမျာဖြစ်သော
ရဲစခန်း ထောက်ခံစာ ၊ ဆေးရုံထောက်ခံစာ ၊ မြန်မာသံရုံးထောက်ခံစာ
၊ သေဆုံးခြင်း အတည်ပြုချက် ထောက်ခံစာများကို ကပုန်း နာရေးကူညီမှု အသင်းကြီးမှ
ကူညီလုပ်ဆောင် ပေးလျက် ရှိနေပါသည်။
သေဆုံးသူ ကိုကျော်မိုး၏ မြန်မာပြည်လိပ်စာမှာ ဖားအောက် ၊ မော်လမြိုင်ဇာတိဖြစ်ပြီး ကိုကျော်မိုးနာရေးကိစ္စကို
၂၄.၁၀.၂၀၁၂ ဗုဒ္ဓဟူးနေ့ ၊ နေ့လည် ၁ နာရီအချိန်တွင် မလေးရှားနိုင်ငံ ချဲရစ်သင်္ချိုင်းသို့ ပို့ဆောင်သဂြိင်္ုလ်မည်
ဖြစ်ကြောင်း သိရှိရသည်။
(ကိုကျော်မိုး၏ နာရေး ဓာတ်ပုံများကို ၂၄ ရက်နေ့တွင် တင်ပေးပါမည်။)
နေဇော်လင်း
(သတင်း ၊ ဓာတ်ပုံ)
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
www.malaysiaonlineradiomedia.com
www.malaysiaonlineradiomedia.com
0 comments:
Post a Comment