ကျွန်တော်တို့ အနာဂတ်ကြယ် ပွင့်လေးများမှာ ကျင်းပတဲ့ အထွေထွေ ဗဟုသုတဆိုင်ရာ ဥာဏ်စမ်း မေးခွန်းများ ဖြေဆိုချင်းပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်
မန်ဘာများ ဖြေဆိုရမည့် မေးခွန်းပေါင်း ၅၀ ကို ဖော်ပြလိုက်ပါသည်။
အောက်ဖော်ပြပါ မေးခွန်းများ၏ အဖြေတို့ကို futurestarsfoundation@gmail.com သို့လိပ်မူ၍ တိုက်ရိုက်ပေးပို့ဖြေဆိုရမည် ဖြစ်ပါသည်။
ပေးပို့ဖြေဆိုရမည့်ပုံစံကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။
ပြိုင်ပွဲဝင်များ ဖြေဆိုရမည့် မေးခွန်းများ
(၁) ဂျမေကာနိုင်ငံ၏ အခြေခံ အဓိက နိုင်ငံခြားပို့ကုန် ပစ္စည်းမှာ မည်သည့် ကုန်ပစ္စည်းဖြစ်သနည်း။
(၂) မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကို မည်သည့် ခုနှစ်၊ လ၊ ရက်တွင် စတင်တည် ထောင်ခဲ့သနည်း။
(၃) သံမဏိနှင့် ဖန်ချက်သည့် လုပ်ငန်းတွင် အသုံးပြုသော မီးခိုးရောင် သတ္တုဒြပ်စင် မန်ဂနိကို
အကြီးမားဆုံး ထုတ်လုပ်သည့် နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်း။
(၄) ပါကစ်စတန်နိုင်ငံကို ပထမဦးဆုံး အုပ်ချုပ်သူ ဘုရင်သည် မည်သူဖြစ်သနည်း။
(၅) ပြင်သစ်နိုင်ငံ၏ အကြီးဆုံးဖြစ်သည့် မြစ်သည် မည်သည့်မြစ်ဖြစ်သနည်း။
(၆) နယူးယောက်မြို့အား ချစ်စနိုးနှင့် ခေါ်သောနာမည်ပြောင်မှာ မည်သည့် နာမည်ဖြစ်သနည်း။
(၇) အမေရိကန်နိုင်ငံတွင် အသက်အငယ်ဆုံး ပါမောက္ခချူပ်သည် မည်သူဖြစ်သနည်း။
(၈) တောင်ကိုးရီးယားနိုင်ငံ၏ လွတ်လပ်ရေးနေ့အဖြစ်ကျင်းပသောနေ့သည် မည်သည့်လ မည်သည့်ရက် ဖြစ်သနည်း။
(၉) မြန်မာနိုင်ငံ နိုင်ငံတော်အလံတွင် ပါဝင်သော အစိမ်းရောင်၏ အရောင်အသွေးသတ်မှတ်ချက်အညွှန်းကိန်း
ပင်န်တုန်းပီစီသည် မည်မျှဖြစ်သနည်း။
(၁၀) ကမ္ဘာ့စာတတ်ခြင်းနေ့ (World Literacy Day) အခမ်းအနားကို မည်သည့်လ မည်သည့်နေ့တွင် ကျင်းပခဲ့သနည်း။
(၁၁) ရာဘာကို အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်သည့်နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်း။
(၁၂) ကမ္ဘာပေါ်တွင် ရေချိုအများဆုံးရှိသည့် နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်း။
(၁၃) မန်မိုရီစတစ် (Memory Stick) 1 GB (Giga Byte) တွင် MB (Mega Byte) မည်မျှပါရှိသနည်း။
(၁၄) သံဖြူဒြပ်စင်ကို အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်သည့်နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်း။
(၁၅) အမေရိကန်နိုင်ငံသမ္မတ ဘရက်အိုဘားမား၏ မွေးနေ့သည် မည်သည့်နေ့ဖြစ်သနည်း။
(၁၆) ကမ္ဘာ့နိုင်ငံ့လူငယ်နေ့ကို မည်သည့်လ၊ မည်သည့်ရက်တွင် ကျင်းပခဲ့သနည်း။
(၁၇) ကမ္ဘာ့ဆေးလိပ်မသောက်ရသောနေ့ကို မည်သည့်လ၊ မည်သည့်ရက်တွင် ကျင်းပခဲ့သနည်း။
(၁၈) ကမ္ဘာ့အဆင့်နံပါတ်ခြောက် အရှည်လျားဆုံးမြစ်သည် မည်သည့်မြစ်ဖြစ်သနည်း။ မည့်သည်နိုင်ငံတွင် တည်ရှိသနည်း။
(၁၉) လျှပ်စစ်စွမ်းအင်ထုတ်လုပ်သော နိုင်ငံများအနက် ကမ္ဘာ့အဆင့် ခုနစ်ရှိသော နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်း။
(၂၀) တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကို မြန်မာအစိုးရက ၁၉၆၀ခုနှစ်မှာ ပြန်တမ်း
တစ်ခုအရ ဘွဲ့တစ်ခုနှင့် ဗိုလ်ရာထူးကို ပေးအပ်ခဲ့ပါတယ်။
မြန်မာအစိုးရပေးအပ်ခဲ့သည်မှာ မည်သည့်ပြန်တမ်းနှင့် မည်သည့်ဘွဲ့ဖြစ်သ
နည်း။
(၂၁) Microsoft ကို ဖန်တီးမွေးဖွားပေးခဲ့သူ Bill Gates (William Henry "Bill" Gates III) သည် Microsoft ၏ CEO တာဝန်ကို
မည်သည့်ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့သနည်း။
(၂၂) ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး David Copperfield သည် သူ၏အသက် ၁၈နှစ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်တက္ကသိုလ်တွင်
ပညာသင်ကြားခဲ့သနည်း။
(၂၃) မြန်မာနိုင်ငံ နိုင်ငံ့အထွဋ်အမြတ် သူရဲကောင်း ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်အမည်မှာ မည်သူဖြစ်သနည်း။
(၂၄) ကမ္ဘာ့အဆင့်နံပါတ်ခုနှစ် အရှည်လျားဆုံးတံတားသည် မည်သည့်တံတားဖြစ်သနည်း။ မည့်သည်နိုင်ငံတွင် တည်ရှိသနည်း။
(၂၅) ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးဟာ မည်သည့်နိုင်ငံ မည်သည့်မြို့မှာရှိပြီး အလေးချိန်သည် မည်မျှရှိသနည်း။
(၂၆) အသံလှိုင်းဟာ တစ်စက္ကန့်တွင် အမြန်နှုန်းမည်မျှဖြင့် သွားနိုင်ပါသနည်း။
(၂၇) မြန်မာနိုင်ငံမှာ ပထမဆုံး အလုပ်သမားနေ့ (မေးဒေး ၊ Mayday ) ကို မည်သည့်ခုနှစ်၊ မည်သည့်မြို့၌ စတင်ကျင်းပခဲ့သနည်း။
(၂၈) မည်သည့် ခုနှစ်၊ လ၊ ရက်တွင် မြန်မာနိုင်ငံတော်၏ မြို့တော်ကို နေပြည်တော်ဟု ပြောင်းလဲသတ်မှတ်ခဲ့သနည်း။
(၂၉) ရန်ကုန်တက္ကသိုလ် (University of Yangon) ကို မည်သည့်ခုနှစ်တွင် စတင်တည်ထောင်ခဲ့သနည်း။
(၃၀) မန္တလေးတက္ကသိုလ် (University of Mandalay) ကို မည်သည့်ခုနှစ်တွင် စတင်တည်ထောင်ခဲ့သနည်း။
(၃၁) ဒဂုံတက္ကသိုလ် (Dagon University) ကို မည်သည့်ခုနှစ်တွင် စတင်တည်ထောင်ခဲ့သနည်း။
(၃၂) အနာဂတ်ကြယ်ပွင့်လေးများဝဘ်ဆိုဒ်နှင့် ပညာရေးကူဖောင်ဒေးရှင်းကို မည်သည့်ခုနှစ်၊ လ၊ ရက်တွင် စတင်တည်ထောင်ခဲ့သနည်း။
(၃၃) အနာဂတ်ကြယ်ပွင့်လေးများ ပညာရေးဖောင်ဒေးရှင်း၏ ပထမအကြိမ်မြောက် ပညာဒါနလှူဒါန်းပွဲကို မည်သည့်ခုနှစ်၊ လ၊ ရက်တွင်
ကျင်းပခဲ့သနည်း။
(၃၄) အနာဂတ်ကြယ်ပွင့်လေးများ ပညာရေးဖောင်ဒေးရှင်း၏ ဆောင်ပုဒ်ကို ဖော်ပြပါ။
(၃၅) မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲကို မည်သည့်ခုနှစ်တွင် စတင်ကျင်းပခဲ့သနည်း။
(၃၆) မြန်မာ့ရုပ်ရှင် ဒါရိုက်တာ မင်းသား ဆရာကြီး ဘဘဦးသုခသည် ဘ၀သံသရာဇာတ်ကားဖြင့် ဒါရိုက်တာဆုကို မည်သည့်ခုနှစ်တွင်
ရရှိခဲ့သနည်း။
(၃၇) ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်သူ သီပေါမင်းဟာ မည်သည့်ခုနှစ်၊ လ၊ ရက်တွင် မည်သည့်ဒေသ၌
နတ်ရွာစံကံတော်ကုန်ခဲ့ပါသနည်း။
(၃၈) စစ်သူကြီးမဟာဗန္ဓုသည် မည်သည့်သက္ကရာဇ်၊ မည်သည့်တိုက်ပွဲ၌ကျဆုံးခဲ့သနည်း။
(၃၉) ကမ္ဘာ့ကလေးငယ်လေးများနေ့သည် မည်သည့်နေ့ဖြစ်သနည်း။
(၄၀) လူတွေ၏ နှလုံးမှ စွန့်ထုတ်သော အညစ်အကြေးသည် မည်သည့် အရာဖြစ်သနည်း။
(၄၁) လူတွေ၏ ဦးနှောက် ဘယ်ဘက်ခြမ်းနှင့် ညာဖက်ခြမ်းသည် လူ၏ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်သနည်း။
(၄၂) ဗီတာမင် ဘီနိုင်း ( B9) တွင် ပါဝင်သော အက်ဆစ်၏အမည်သည် မည်သည့်အက်ဆစ်ဖြစ်သနည်း။
(၄၃) မြန်မာဘောလုံးအသင်း၏ Nickname ခေါ်ဝေါ်သော နာမည်ပြောင်မှာ မည့်သည့်နာမည်ဖြစ်သနည်း။
(၄၄) အာဆီယံဘောလုံးအဖွဲ့အစည်းအား မည်သည့်ခုနှစ်၊ လ၊ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သနည်း။
(၄၅) ကမ္ဘာ့လူဦးရေအနည်းဆုံးနိုင်ငံသည်မည်သည့်နိုင်ငံဖြစ်သနည်း။
(၄၆) ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံပေါင်း မည်မျှရှိသနည်း။
(၄၇) သင်္ချာဘာသာ ပညာရပ်သည် မည်သည့်နိုင်ငံမှ စတင်ပေါ်ထွန်းလာခဲ့သနည်း။
(၄၈) ကြက်တူရွေး တစ်ကောင်ဟာ သက်တမ်းအားဖြင့် ဘယ်လောက်နေနိုင်ပါသလဲ။
(၄၉) လူရဲ့ခန္ဓာကိုယ်မှာ ရေရဲ့အလေးချိန်သည် မည်မျှရှိသနည်း။
(၅၀) ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကြီးသည် မည်သည့်ခုနှစ် မည်သည့် မင်းလက်ထက်၌ ဖြစ်ပွားခဲ့ပါသနည်း။
ဤမေးခွန်းများ ပဲဖြစ်ပါသည်။ မေးခွန်း၏အမှတ်စဉ် နံပါတ်နှင့်တကွ အဖြေများကို အမှတ်စဉ်မှန်ကန်စွာ တပ်ပေးရန်လိုအပ်ပါသည်။
ပေးပို့ ဖြေဆိုရန် အချိန်၁၅ရက်ပေးထားပါတယ် ယခုစတင်ကြေငြာသည့် (၅.၁၀.၂၀၁၂)မှ (၂၀.၁၀.၂၀၁၂)ထိဖြစ်ပါသည်။
Source by : လွမ်းပိုင်ရှင် မှ ပေးပို့သည်။
0 comments:
Post a Comment