Home » , » မိကျောင်းနှင့် ညီအစ်ကိုလို နေထိုင်သူ

မိကျောင်းနှင့် ညီအစ်ကိုလို နေထိုင်သူ

Written By မောင်စေတနာ on Friday, October 26, 2012 | 12:40:00 PM


ဗဟိုအမေရိက၊ ကော်စတာရီကာနိုင်ငံရှိ တောတွင်း တစ်နေရာတွင် ဖြစ် သည်။ အခြား တံငှာသည် တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေလုနီးနီးဖြစ်နေသော မိကျောင်း တစ်ကောင်ကို Chito အမည်ရ တံငှာသည် က တွေ့ရှိခဲ့သည်။ 

ထို့ကြောင့် လှေပေါ်ဆွဲတင်ခဲ့ပြီး အိမ်သို့ခေါ် ဆောင်ပြုစုခဲ့သည်။ ရက်အတော်ကြာ ပြုစုရပြီး အနာ အမာရွတ်မကျန်ရှိတော့သည်အထိ အတူ နေထိုင်ခဲ့သည်။ အတူနေထိုင်စဉ်တွင် ယင်းမိကျောင်းမှာ ရန်မမူပဲ Chito ကျွေးသည့် အသားများကိုသာ စားသုံးသည်။ Pocho ဟုပင် မိကျောင်း ကို အမည်ပေးခဲ့သည်။ ယင်းသို့ အတူနေထိုင်ရာ ကြာလာပြီး အနာပျောက်ပြီ ဖြစ်သဖြင့် သူနေထိုင်ကျက်စားရာ ရေချောင်း ထဲသို့ ပြန်လွတ်ရန် သွားသည်။ 

 ရေထဲပြန်လွတ်ချိန် ကုန်းပေါ်သို့ ပြန်တက်လာပြီး Chito ဆီကိုသာ ပြန်ပြန် လာသည်။ မိကျောင်း Pocho မှာ ရေထဲပြန်မဆင်းလိုတော့ပဲ သူ့ကို ကျွေးမွေး ပြုစုခဲ့သူ Chito ကိုသာ သခင်တော်၍ အတူနေထိုင် လိုကြောင်း သိရှိသွားသည်။ ထို့ကြောင့် Chito သည် မိကျောင်း Pocho ကို ရေထဲ ပြန်မလွတ်တော့ပဲ မိမိနှင့် အတူနေထိုင်သည်။ တံငှာသွားရာတွင် လည်း လိုက်ပါတတ်ပြီး ညီအစ်ကိုလိုနေထိုင်သည်။ 

Pocho ကို အိမ်မွေး တိရစ္ဆာန် ကဲ့သို့ သဘောထား နှိပ်စက်ခြင်း မပြုလုပ်ပဲ ကျွေးမွေး စောင့်ရှောင့် သည်။ ယခုအခါ Chito နှင့် Pocho တို့သည် အတူနေထိုင်လာသည်မှာ နှစ် ၂၀ ကျော်သွားပြီ ဖြစ်ရာ မိသားစုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။ ယင်းမိကျောင်း ကို ဆက်ကက်ပြစားခြင်းမျိုးကဲ့သို့ လုံးဝ မပြုလုပ်ပဲ မိကျောင်းကို Chito က သံယောဉ်တွယ်သူ ဖြစ်သည်။ 

 "တိရစ္ဆာန်တွေက လူတွေကို ကြောက်စရာ သတ္တဝလို့ မှတ်ယူထားတာ။ လူတွေရဲ့ သတ်ဖြတ် မှုကို ခုခံရန်အတွက် သူတို့က ရိုင်းစိုင်းနေတာ ဖြစ် ပါတယ်။ အခုလို နွေးထွေးစွာ ဆက်ဆံရင် သူတို့ရဲ့ ပင်ကိုယ်သဘာဝဟာ ယခုလို ယဉ်ကျေးတာကို မြင်တွေ့ နိုင်ပါတယ်။ Pocho ဟာ အသားစား သတ္တဝါဖြစ်ပေမယ့် လူသားကို ရန်မမူတတ်တဲ့ တိရစ္ဆာန် ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

-- Ref:mazeworld 
 Source by :http://innewsmyanmar.blogspot.com/2012/10/blog-post_25.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။