Home » , » ဘရာဇီးကျောင်းသူ အပျိုစင် လေလံပွဲမှာ ဂျပန် အမျိုးသားရသွား

ဘရာဇီးကျောင်းသူ အပျိုစင် လေလံပွဲမှာ ဂျပန် အမျိုးသားရသွား

Written By မောင်စေတနာ on Friday, October 26, 2012 | 12:34:00 PM


အသက် ၂၀ အရွယ် ဘရာဇီးကျောင်းသူအပျိုစင်ဘ၀ ပန်းဦးဆွတ်ခွင့် လေလံတင်ရောင်းချပွဲမှာ ဂျပန်နိုင်ငံ က Ronald Densetsu (Natsu ) အမည်ရ အမျိုးသားက အမေရိကန်ဒေါ်လာ ၇၈၀, ၀၀၀ နဲ့ ရယူသွား ပြီဖြစ်ပါတယ်။ 

ဘရာဇီး ကျောင်းသူ မစ္စ Catarina Migliorini က သူ့ အပျိုစင် မိန်းမသားဘ၀ကိုအင်တာနက် အွန်လိုင်း စနစ်နဲ့ လေလံတင် ရောင်းချခဲ့တာပါ။ သြစတေးလျ လူမျိုး ရုပ်ရှင် ဒါရိုက်တာ Justin Sisely ရဲ့ “Virgins Wanted” ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကား ရဲ့ အစိပ်အပိုင်းအနေနဲ့ Catarina Migliorini ရဲ့ အပျိုစင် ပန်းဦးဆွတ်ခွင့်ကို ဈေးပြိုင်တင်ခဲ့တာ မှာ ဈေးပြိုင်ပေးခဲ့တာ ၁၅ ခု တောင် ရှိတယ်လို့ ဆိုပါတယ်။ 

အသက် ၂၀ အရွယ် သူ့ အပျိုစင်ဘ၀ကို ၀ယ်ယူခဲ့သူ ဂျပန်အမျိုးသားကို သူ့အနေနဲ့ အမေရိကားနဲ့ သြစတေးလျ ခရီးစဉ်မှာ လေယာဉ်ပေါ်မှာ ပေးဆပ်မှာဖြစ်ပါတယ်။ အဲဒီလို ပေးစပ်မှု မပြုမီနဲ့ ပေးဆပ် အပြီးကိုလည်း အင်တာဗျူး ပေးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပန်းဦးပျော်မွေ့မှုကိုတော့ ရုပ်ရှင် ရိုက်ကူးမှာ မဟုတ်ပါဘူး။ အခု လေလံနိုင်သွားသူ ဂျပန်အမျိုးသားဟာ အမေရိကန်က Jack Miller နဲ့ Jack Right တို့ရဲ့ ဈေးပြိုင်ပေးမှုကို လည်း ကျော် လွှားနိုင်ခဲ့သလို ဈေးပြိုင် အမြင့်ဆုံး ပေးခဲ့တယ်ဆိုတဲ့ အိန္ဒိယ က Rudra Chatterjee ကိုလည်း ကျော် လွှားပြီး ပေးနိုင်လို့ အခုလို လေလံအောင်ပွဲ ဆင်ခဲ့တာဖြစ်ပါတယ်။ 

 ဆင်းရဲတဲ့ မိသားစုတွေအတွက် အိမ်တွေဆောက်ပေးဖို့ ငွေကို အသုံးပြုမှာ ဖြစ်တယ်လို့ မစ္စ Catarina က ပြောပါတာကို The Australian News မှာ ဖော်ပြထားပါတယ်။ “ကျမ ဒါကို စီးပွားရေးလုပ်ငန်းတခုလို မြင်ခဲ့မိတယ်။ ရှင်တို့ဘ၀မှာ ဒါမျိုး တကြိမ်ပဲ လုပ်လို့ ရမယ့်ဟာဆိုရင် ရှင်တို့ လည်း ပြည့်တန်ဆာ တဦး ဘယ် ဖြစ်သွားမလဲ။ 

အံ့သြဖွယ် ဓာတ်ပုံလေး တပုံလောက် ရှင် ရိုက်လိုက် ရုံနဲ့ ရှင်က တ ကယ့် ဓာတ်ပုံ ဆရာ တဦးဖြစ်သွားတာမှ မဟုတ်ပဲ” လို့ မစ္စ Catarina က ပြောပါတယ်။ သူက ရုပ်ရှင်ရိုက်ကူးရန် အပျိုစင်များ ရှာဖွေနေတဲ့ ကြော်ငြာ တခုကို သတိထားမိတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက် က သူဟာ အငြင်းပွားဖွယ် စီမံကိန်းတခုကို လက်မှတ်ရေးထိုးခဲ့တာပါပဲတဲ့။

 ဒီရုပ်ရှင်မှာ ပါဝင်ခွင့် ရဖို့အတွက် လေလံ ဈေးပြိုင်အောင်လို့ ရမယ့် ပမာဏထဲက ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၂၀၀၀၀ ရမှာပါ။ လေလံဈေးခေါ်တဲ့ ကြော်ငြာတွေ ပိုလုပ်လာရင်း လူသိများ လာ တော့ လေလံဈေးတွေလည်း အပြိုင်ပေးခဲ့ကြရင်း အခုလို ဒေါ်လာ ၈ သိန်းနီးပါးထိ ဖြစ်လာခဲ့တာပါပဲ။

 “ကျမနှလုံးသားမှာ ချစ်ခြင်းမေတ္တာတရားအပေါ်လည်း ယုံကြည်တဲ့ အချစ်အပေါ် စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးပါ။ ဒါပေမယ့် ဒါဟာ ကျမ အခု လက်တွေ့ နယ်ပယ်မှာ လုပ်လိုက်တာနဲ့ တကယ့်ကို ကြီးမားတဲ့ ကွာခြားမှုကြီးဖြစ်တယ်ဆို တာပါပဲ” လို့ မစ္စ Catarina က ဆိုပါတယ်။ ဘရာဇီး ကျောင်းသူလေး မစ္စ Catarina က သူရတဲ့ ငွေထဲကနေ မိသားစုအတွက် အိမ်သစ်တလုံး ၀ယ်ပေး ဖို့လည်း ရှိပါတယ်။ 

Source by : Irrawaddy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။