Digicelမြန်မာနိုင်ငံ၏ ဘောလုံးအဆင့် အတန်း မြင့်မားရေးအတွက် အကူ အညီပေး
လျက်ရှိသော Digicel ၏ သံတမန်တစ်ဦးဖြစ်သည့် အင်္ဂလန် လက်ရွေးစင် အသင်းနှင့် လီဗာပူး အသင်း ကစားသမားဟောင်း ဂျွန် ဘားစ်မ်နှင့် မီဒီယာများမိတ်ဆက် ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
န်ဘားစ်မ်သည် မြန်မာပြည် တွင်ရောက်ရှိနေစဉ်ကာလအတွင်း မကြာသေးမီက ကျင်းပပြီးစီးခဲ့ သည့် MFF U-12 Digicel Cup အထက်မြန်မာပြည်၊ အောက်မြန် မာပြည်ဇုန်များမှ ဆန်ခါတင်ရွေး ချယ်ထားသော လူငယ်ဘောလုံး သမား အယောက် ၇၀ ကို နည်း စနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် ကြံ့ ခိုင်မှုအပိုင်းများအား လေးရက်တာ သင်ကြားပေးခဲ့ကြောင်းသိရသည်။
ီငါငခနူ သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ဆက် သွယ်ရေးလုပ်ငန်းများဆောင်ရွက် နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန် မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးအသင်း၊ Myanmar National League ရှုံးထွက်ဖလား၊ ၁၂ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်အောက် လူငယ်အသင်းများအပြင် မြန်မာ နိုင်ငံ ဒိုင်လူကြီးအဖွဲ့ချုပ်တို့အား တရားဝင် ပံ့ပိုးပေးထားကြောင်း သိရသည်။
Digicel သည် အကောင်းဆုံး အော်ပရေတာဈေးကွက် ဖွံ့ဖြိုးတိုး တက်မှုကမ္ဘာလုံးဆိုင်ရာ ၂၀၁၀ ကို ရရှိထားသည့်အပြင် ပညာရေး၊ လူ မှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းများ တိုးတက်ရေးအတွက် ကမ္ဘာတစ် ဝန်းလုံးတွင် အမေရိကန်ဒေါ်လာ ၄၅ သန်းနှင့်အထက် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။
Source by :http://yoyarlay.com/
0 comments:
Post a Comment