SKYFIRE 4.0Android မိုဘိုင်း ပလတ်ဖောင်း ပေါ်မှာ သုံးစွဲသူ ၁၀ သန်းကျော် ရှိတဲ့ Mobile Browser Skyfire က ဗားရှင်းသစ် 4.0 ကို iOS ပေါ်မှာ အခမဲ့ Free သုံးစွဲခွင့် ပေးခဲ့ပါတယ်။ Flash တစ်ပါးတည်း ပံ့ပိုးထားတဲ့ Skyfire 4.0 က အွန်လိုင်း ဗီဒီယိုတွေကို ကြည့်ရှုလိုတဲ့ iOS ပရိသတ်တွေကို အမိအရ ဆွဲဆောင်ထားနိုင်ပါတယ်။ အချိန်တိုအတွင်း iOS ပေါ်မှာ သုံးစွဲသူ ၁ သန်းကျော် တိုးပွားလာတဲ့ Skyfire က Facebook နဲ့ Twitter ပေါ်က နောက်ဆုံး Update ကို အလွယ်တကူ ဝင်ရောက်နိုင်အောင် ဖန်တီးထားပါတယ်။
Feature အစုံအလင် သုံးစွဲနိုင်မယ့်အပြင် Social Sharing, Feed Reader နဲ့ Useragent Switching တို့ကိုပါ သုံးစွဲနိုင်ပါတယ်။ လူသုံးအများတဲ့ ဝက်ဘ်ဆိုက်တွေကို Link တစ်ပါတည်း ပေးထားတာကြောင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ထဲက Article တွေကို Scroll ပွဲဆွဲပြီး လွယ်လင့်တကူ ကြည့်ရှုနိုင်တဲ့အပြင် စခရင် အပြည့် စာလုံးဖောင့်ကိုပါ Zoom ဆွဲဖတ်ရှုနိုင်စေဖို့ ဖန်တီးပေးထားပါတယ်။ အောက်ခြေမှာရှိတဲ့ Skybar ကွဲပြားတဲ့ Function အမျိုးအစား ၁၄ ခုကို သုံးစွဲနိုင်မယ့် Items များပါရှိပါတယ်။
Vedio ခလုပ်ကိုနိုပ်ရင် Browser ပေါ်မှာပဲ Vedio File တွေကို ရှာဖွေပြီး တစ်ပြိုင်နက် ကြည့်ရှုနိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှာ ပါဝင်တဲ့ Link Button ကိုနိုပ်ပြီး tap လုပ်နိုင်ပါတယ်။ လူသုံးများ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ Twitter တို့ကို tap တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ဝင်ရောက်နိုင်ဖို့ Browser ပေါ်မှာပဲ တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ လူမှုကွန်ရက် Search Engine, Flash Vedio, Feed Reader တို့အဖြစ် All-in-one သုံးစွဲနိုင်မယ့် Skyfire 4.0 ကို မိုးဘိုင်း အင်တာနက်သုံးသူတွေ ဆောင်ထားသင့်ပါတယ်။
Source by :http://www.yoyarlay.com

0 comments:
Post a Comment