Home » , » ကမ္ဘာပေါ်ရှိ ရုပ်ပုံများအား ခွဲခြားနိုင်သည့် နည်းပညာသစ်ကို Google မှတ်ပုံတင်

ကမ္ဘာပေါ်ရှိ ရုပ်ပုံများအား ခွဲခြားနိုင်သည့် နည်းပညာသစ်ကို Google မှတ်ပုံတင်

Written By မောင်စေတနာ on Friday, September 7, 2012 | 12:27:00 AM



ကမ္ဘာပေါ်ရှိ ရုပ်ပုံများအား ခွဲခြားနိုင်သည့် နည်းပညာသစ်ကို Google မှတ်ပုံတင်Google ကုမ္ပဏီသည် ၎င်းတို့၏ အွန်လိုင်း ရှာဖွေရေး ဝန်ဆောင်မှုကို ပိုမို ထူးခြား ကောင်းမွန်အောင် အစဉ်မပြတ် လုပ်ဆောင်နေရာ ယခုအခါ၌ ဓာတ်ပုံများ၊ ဗီဒီယိုများကို Scan ပြုလုပ်၍ ကမ္ဘာပေါ်ရှိ အရာဝတ္ထုများအား ခွဲခြားနိုင်သည့် နည်းပညာကို အွန်လိုင်း ရှာဖွေရေးစနစ်တွင် အသုံးပြုရန် နည်းပညာ မှတ်ပုံတင်နိုင်ခဲ့ပြီ ဖြစ်သည်။

လူသားများ အနေဖြင့် မြင်မြင်သမျှ အရာဝတ္ထုများအား မှတ်သားနိုင်သည့် စွမ်းရည်ရှိပြီး ခွဲခြားနိုင်သည့် ဉာဏ်ရည် ရှိသော်လည်း ကွန်ပျူတာများတွင် ယင်းစွမ်းရည်၌ လူများကို မမီဟု သတ်မှတ်မှုများ ရှိနေရာ Google က ရုပ်ပုံမှတ်သားခွဲခြား ကွန်ပျူတာစနစ်ကို မှတ်ပုံတင်နိုင်ခဲ့ခြင်းက စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ထို့ကြောင့် ၎င်းတို့၏ အွန်လိုင်း ရှာဖွေမှုများတွင် အရာဝတ္ထုများအား အမှတ်သားပြသည့် ပုံစံဖြင့် တင်ဆက်နိုင်ရန် ရည်ရွယ်လျက်ရှိပြီး စမတ်ဖုန်းများတွင်ပါ ထည့်သွင်းနိုင်ရန် ရည်ရွယ်နေကြသည်။ သို့သော်လည်း အဖွဲ့အစည်း တချို့က ၎င်းကိစ္စအား အငြင်းအခုန် ပြုလုပ်ထားပြီး အကယ်၍သာ Google အား အသုံးပြုစေခဲ့ပါက ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များစွာကို စုဆောင်းသွားလိမ့်မည်ဟု ဆိုသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။